Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
08 Jan 2019

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၌ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့တွင် အင်္ဂါနေ့စကားဝိုင်း( Tuesday Talk) အခမ်းအနားကျင်းပ ခဲ့ရာ စားသုံးသူရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစိုးအောင်က “တိုင်ကြားမှုများနှင့် စပ်လျဉ်း၍ ဦးစီးဌာနမှ ဆောင်ရွက်ပေးမှုအခြေအနေနှင့် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့များ၏ ဆောင်ရွက်မှုအခြေအနေများ” ကို ရှင်းလင်းပြောကြားခဲ့ပြီး သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာ

03 Jan 2019

          စစ်ကိုင်းတိုင်းဒေသကြီး၊အင်းတော်မြို့နယ်တွင် ဆောင်းသီးနှံ မုန့်ညှင်းကြီးကို ဧကျကျယ်ကြီးများနှင့် စိုက်ပျိုးလာတာတွေ့ရပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ထမင်းဝိုင်းမှာ မုန့်ညှင်းကိုအမျိုးမျိုးစီမံ စားသောက်ကြပါတယ်။ သည်ဘက်ဒေသမှာ မုန့်ညှင်းကို အချဉ်တည်စဉ့်အိုးများနှင့် သိုလှောင်ပြီး နှစ်ပေါက်ရောင်းချသူများလည်း ရှိနေပါတယ်။ စိုက်ပျိုးရလွယ်ကူပြီး ရက်ခြောက်ဆယ်ဆွတ်ခူးရောင်းချရတဲ့အတွက် လျင်မြန်စွာ ငွေဝင်တဲ့သီးနှံဖြစ်ကြောင်း သိရပါတယ်။

 

02 Jan 2019

ရှားစောင်းလက်ပပ်အပင် ဆေးဘက်ဝင် စျေးကွက်ဝင်

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နေရာဒေသအနှံ့အပြားတွင် ရှားစောင်းလက် ပပ်အပင်များကို စိုက်ပျိုးကြပါတယ်၊ အိမ်ခြံဝန်းများနှင့် ယာခင်းကန်သင်းများမှာ စိုက်ပျိုးလေ့ရှိပါတယ်။ ရှားစောင်းလက်ပပ်ပင်သည် မြေကြီး အစိုဓာတ် အသင့်အတင့် ရရုံဖြင့် စိုက်ပျိုးနိုင်ပြီး နေ့စဉ်လုပ်အားခမကုန်၊ ရင်းနှီးစရိတ်မကုန်ဘဲ ဝင်ငွေရရှိနိုင်ပါ တယ်။

ရှားစောင်းလက်ပပ်စိုက်ပျိုးသင့်တဲ့မြေမျိုး

26 Dec 2018

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)တွင် USAID အကူအညီဖြင့် ICT နည်းပညာဆိုင်ရာသင်တန်း (၅) ခုအား (၁၂.၁၁.၂၀၁၈) မှ (၂၁.၁၂.၂၀၁၈) ရက်နေ့ထိ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းများသို့ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)မှ သင်တန်းသား/သူ (၂၃)ဦး၊  တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံး အသီးသီးမှ သင်တန်းသား/သူ (၂၃)ဦး စုစုပေါင်း (၄၆)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းများမှာ database စနစ် အသုံးပြုနှင့်ပတ်သက်သော Database Management System (DBMS) သင်တန်း၊ Networking သင်တ

24 Dec 2018

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ ပါဆတ်ကားလေးကွင်းရှိ ရွှေကျားဖြူဂိတ်၌ (၁၃-၁၂-၂၀၁၈) ရက်နေ့ မွန်းလွှဲ (၂) နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးနှင့်အဖွဲ့မှ ယာဉ်လိုင်းတာဝန်ခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများအားတွေ့ဆုံ၍ ယာဉ်လိုင်းဝန်ဆောင်မှုဆိုင်ရာ အချက်များပညာပေးဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူးဦးလှစိုးက ဌာန၏မျှော်မှန်းချက်မှာ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်ဖြစ်ပြီး အစားအသောက်များလုံခြုံစိတ်ချရမှုသာမက ဝန်ဆေ

Pages