သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၈)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီ တွင် မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ထီးလင်းမြို့နယ်တာဝန်ခံ တို့သည် ထီးလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ရာ မြိုနယ်အုပ်ချုပ်ရေးမှူး အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ စုစုပေါင်း (၁၅၆)ဦး တက်ရောက်ခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ (၁၆) ရက်နေ့ (၁၂:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မကွေးကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်သည့် မကွေးတိုင်းဒေသကြီး ဆီစက်ပိုင်ရှင်များအသင်း ပြန်လည်ဖွဲ့စည်းခြင်းနှင့် အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ် တင်မြှောက်ပွဲ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပါသည်။

၂၁.၁.၂၀၂၀ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကမာရွတ်မြို့နယ်ရှိ United Amara Bank ရုံးချုပ်၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ၊ ဘဏ်ဝန်ဆောင်မှုဆိုင်ရာများနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့ရာ ဘဏ်ရုံးချုပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဝန်ထမ်းများ (၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၇.၁.၂၀၂၀ ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့နှင့် တိရိစ္ဆာန်ဆေးဝါး၊ လုပ်ငန်းသုံးပစ္စည်းကိရိယာထုတ်လုပ်ရောင်းချသူများအသင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အသင်းမှ တာဝန်ရှိသူများ၊ အသင်းဝင်များနှင့် လုပ်ငန်းရှင်များ (၄၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့တွင် အတွင်းရေးမှုးဖြစ်သည့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးအောင်မောင်းသည် ပဲခူးတိုင်းဒေသကြီးစပါးဝယ်ယူရေးကြီးကြပ်မှု လုပ်ငန်းအဖွဲ့တွင် အတွင်းရေးမှူးဖြစ်သည့် ဦးကျော်စွာဝင်းနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သာယာဝတီမြို့နယ် ဂုံမင်းမြောင်ကျေးရွာနေ ဦးသန်းစိုး၏ ရွှေမြတ်ချယ် ဆန်စက်သို့သွားရောက်ပြီးစပါးဝယ်ယူမှုကိုကြပ်မတ်စစ်ဆေးခဲ့ပါသည်။
