Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
08 May 2025

  ၂၀၂၅ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် မြို့နယ်စိုက်တိုးမြှင့် ဒု-မြို့နယ် ဥက္ကဌနှင့်အဖွဲ့ဝင်များသည်ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်၊ဓမ္ဘီကျေးရွာအုပ်စုရှိတောင်သူဦးကျော်ကျော် ဆွေ၏ လယ်မြေဧရိယာ၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီကာလတွင် မိုးစပါးအထွက် နှုန်းတိုးတက်စေရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ပေးအပ်ခြင်းနှင့်ကြဲပက်ပွဲအခမ်းအနားသို့  တက်ရောက်ကြကာ ဟင်္သာတမြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင် များနှင့် အတူ  စားသုံးသူရေ

08 May 2025

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနဆိုင် ရာများနှင့်ပူးပေါင်း၍  စားသုံးသူများ အသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် (၂၈.၄.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဟင်္သာတခရိုင်အတွင်းရှိ စားသောက်ဆိုင်များနှင့် အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

08 May 2025

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန Thursday Talk ဟောပြောပွဲကို ၂၅.၄.၂၀၂၅ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီတွင် virtural ဖြင့် ကျင်းပပြုလုပ်ရာ တိုင်း‌ဒေသကြီးဦးစီးမှူး၊ ဒုတိုင်းဒေသကြီးဦးစီးမှူး၊ ဌာနခွဲတာဝန်များနှင့်ဝန်ထမ်းများ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်း( ၁၂၀ )ဦး ခန့် တက်ရောက်ခဲ့ပါသည်၊၊

08 May 2025

 

   ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦစီးဌာန အစည်းအဝေးခန်းမတွင် ၂၅.၄.၂၀၂၅ ရက်နေ့ နေ့လည် (၁၃:၃၀) နာရီတွင် (၄/၂၀၂၅) ဝန်ထမ်းထုဒါဘာ အစည်းအဝေးကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်း မှ ဌာနခွဲအလိုက် ရုံးလုပ်ငန်းဆောင်ရွက်နေမှုများကို တင်ပြရန်နှင့် အထက်ဌာနလမ်းညွှန်ချက်များကို ဝန်ထမ်းများ သိရှိလိုက်နာ ဆောင်ရွက်ကြရန် အဖွင့်အမှာ စကားပြောကြားခဲ့ပြီး အခမ်းအနားကို အရာထမ်း၊ အမှုထမ်းစုစုပေါင်း (၄၅) ဦး တက်ရောက်ပါသည်၊၊

Pages