Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
08 May 2025

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင် ရာများနှင့် ပူးပေါင်း၍(၂၈.၄.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် မြန်အောင်မြို့မနေခြည်ဈေး အတွင်းရှိ ကြက်ဥ၊ဘဲဥ လက်လီ/လက္ကားအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်း ဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

08 May 2025

          စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်၂၂.၄.၂၀၂၅ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင်သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ဇလွန်မြို့၊ဂုံညှင်းတန်းကျေးရွာ၊သာဓုချောင်း အုပ်စုရှိ “ဖိုးခွားကြီး”ဆီစက်နှင့် ဇော်ဂျီကွင်းကျေးရွာအုပ်စု၊ ကျုံစုတ်ကျေးရွာရှိ “စိန်ရတနာဝင်း” ဆီစက်၊ “ကျေးဇူးတော်”ဆီစက်သို့  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

08 May 2025

  ၂၀၂၅ ခုနှစ် ဧပြီလ ၂၉ ရက်နေ့ နံနက်(၀၉:၀၀)အချိန်တွင် မြို့နယ်စိုက်တိုးမြှင့် ဒု-မြို့နယ် ဥက္ကဌနှင့်အဖွဲ့ဝင်များသည်ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ်၊ဓမ္ဘီကျေးရွာအုပ်စုရှိတောင်သူဦးကျော်ကျော် ဆွေ၏ လယ်မြေဧရိယာ၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီကာလတွင် မိုးစပါးအထွက် နှုန်းတိုးတက်စေရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ ပေးအပ်ခြင်းနှင့်ကြဲပက်ပွဲအခမ်းအနားသို့  တက်ရောက်ကြကာ ဟင်္သာတမြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင် များနှင့် အတူ  စားသုံးသူရေ

08 May 2025

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာဌာနဆိုင် ရာများနှင့်ပူးပေါင်း၍  စားသုံးသူများ အသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် (၂၈.၄.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဟင်္သာတခရိုင်အတွင်းရှိ စားသောက်ဆိုင်များနှင့် အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအားဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

08 May 2025

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန Thursday Talk ဟောပြောပွဲကို ၂၅.၄.၂၀၂၅ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီတွင် virtural ဖြင့် ကျင်းပပြုလုပ်ရာ တိုင်း‌ဒေသကြီးဦးစီးမှူး၊ ဒုတိုင်းဒေသကြီးဦးစီးမှူး၊ ဌာနခွဲတာဝန်များနှင့်ဝန်ထမ်းများ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်း( ၁၂၀ )ဦး ခန့် တက်ရောက်ခဲ့ပါသည်၊၊

Pages