သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး) သည် ၆.၄.၂၀၂၅ရက်နေ့တွင် မိုးညှင်းမြို့၊ စည်ပင်သာယာဈေး(၁) အတွင်းရှိ ဒေါ်နွယ်နွယ်အေး (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(ဌာနခွဲ စာရေး) နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ တို့ပူးပေါင်း၍ (၂-၄-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၃:00)နာရီအချိန်တွင် အမှတ်(၁)၊ ကန်ဘဲ့ဈေး ဘူတာရုံ လမ်း၊ (၁၂)ရပ်ကွက်ရှိ စားအုန်းဆီရောင်းချနေသော (သန့်ရတီ)ဆီဆိုင်အား သွားရောက်၍ စားအုန်းဆီရောင်းချမှု အခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းနိုင်(ဦးစီးအရာရှိ) နှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ တို့ ပူးပေါင်း၍ (၂-၄-၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၂:00)နာရီအချိန်တွင် အမှတ်(၃၀)၊ (၆၄)လမ်း၊ တာမွေကြီး (ခ)ရပ်ကွက်ရှိ စားအုန်းဆီရောင်းချနေသော ဦးဉာဏ်ဝင်း(ဝင်း)ဆီဆိုင်အား သွားရောက်၍ စားအုန်းဆီရောင်းချမှု အခြေအနေအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဒေါ်အေးအေးမော် (ဒုကြီးကြပ်ရေးမှူး) နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူတို့နှင့် ပူးပေါင်းကာ (၂၉.၃.၂၀၂၅) ရက်နေ့ ၊နေ့လယ်(၁၄း၀၀) နာရီတွင် ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးအတွင်းရှိ စားအုန်းဆီလက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီ ကိုယ်စားလှယ် ဦးညွန့်ဟန်၊ဆိုင်အမှတ်(ဂ/ ၅-၆) အရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒုဦးစီးမှူး) နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတို့နှင့်ပူးပေါင်းကာ (၃၁.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပုဇွန်တောင်မြို့နယ်၊ ပုဇွန် တောင်ဈေးအတွင်းရှိ စားသုံးဆီကိုယ်စားလှယ်များ ဖြစ်သော ဦးဉာဏ်ထွန်း၊ ဦးအောင်ကြည် ၊ ဦးအောင်မြတ်မိုး စသည့်အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါ သည်။
