သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူးမြို့နယ်တာဝန်ခံ ဦးထွန်းထွန်းဦးသည် (၃.၄.၂၀၂၅) ရက်နေ့ နံနက်(၉:၄၅)နာရီအချိန်တွင် လှည်းကူးမြို့နယ်၊ မြို့မဈေးမှ ဈေးတာဝန်ခံ ဦးကျော်ဦး ပူးပေါင်း၍ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲတာဝန်ခံ ဦးဇော်မျိုးထွန်းနှင့် ဝန်ထမ်းများ သည် မှော်ဘီမြို့မဈေးစည်ပင်သာယာရေးကော်မတီရုံးမှ ဈေးတာဝန်ခံနှင့်ပူးပေါင်း၍ ၂.၄.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် မှော်ဘီမြို့မဈေးအတွင်းရှိ အခြေခံစားကုန်များ၏ ဈေးကွက်ဆိုင်ရာ အခြေအနေနှင့်ဈေးနှုန်းအခြေအနေများကို ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၃.၄.၂၀၂၅) ရက်နေ့ နံနက်(၈:၄၅)နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ အင်းစိန်ဈေးမှ ဈေးတာဝန်ခံ ဦးလှသူနှင့်အဖွဲ့ များပူးပေါင်း၍ အခြေခံစားကုန်ဈေးနှုန်းများအား ဈေးကွက်စောင့်ကြည့်ခြင်း လုပ်ငန်းများဆောင်ရွက် ခဲ့ပါသည်။

ပို့ကုန်ရငွေစိစစ်ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၅)အစည်းအဝေးဆုံးဖြတ်ချက်အရ ၂၀၂၄ ခုနှစ်၊ မတ်လမှ ဒီဇင်ဘာလအတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ရန်ကျန်ရှိသည့်ကုမ္ပဏီအား ၂.၄.၂၀၂၅ ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေး ပါ(၃)ဦး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးဉီစီးမှူးရုံး၏ လမ်းညွှန်မှာကြားချက်အရ မြောက်ပိုင်းခရိုင်အတွင်းရှိ စက်မှုဇုန်များတွင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရှင်များ၏ သိရှိရန် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူး ဦးမျိုးအေး ပါ(၃)ဦး တို့သည် ၂.၄.၂၀၂၅ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် အမှတ်(၃/၇၉)၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း၊ ဇုန်(၃)၊ လှိုင်သာယာမြို့နယ်ရှိ Great H L Family Trading Co.,Ltd သို့ သွားရောက်စစ်ဆေးခဲ့ရာ လုပ်ငန်းသည် ယခင်က အထည်လိပ်လုပ်င
