သတင်းနှင့် လှုပ်ရှားမှုများ
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် မုံရွာခရိုင်၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ လာရောက်၍ မီးဘေးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ရာ စားသုံးသူရေးရာဌာနမှ ဝန်ထမ်းအင်အား (၃၀) ဦး တက်ရောက်ခဲ့ကြပါသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ ညနေ (၁၅:၀၀)နာရီအချိန် မြင်းခြံခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MDCCI)အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့် မြင်းခြံမြို့နယ်အတွင်းရှိ MSMEလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကျင်းပခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုးသည် ညောင်ဦးမြို့နယ်ရှိ MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် (၂၈.၁၁.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးတွင် ညောင်ဦးမြို့နယ်ရှိ ပုန်းရည်ကြီးလုပ်ငန်းရှင်များအားတွေ့ဆုံ၍ အသိပညာ ပေးဟောပြောပွဲအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုး(လက်ထောက်ညွှန်ကြား ရေးမှူး) သည်(၂၇.၁၁.၂၀၂၄)ရက်နေ့၊ ညနေ (၁၅:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ညောင်ဦးခရိုင်ရှိ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအား အွန်လိုင်းရောင်းချမှုများ၊ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ တိုင်းဦးစီးမှူး၏ ညွှန်ကြားချက်အရ စစ်ကိုင်းခရိုင်၊ ခေတ္တခရိုင်ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း (၃)ဦးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များဖြစ်သော သစ်ဆန်းဆေးဆိုင်နှင့် မင်းမင်းဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။