သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ သာကေတမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး၊ အမှတ်(၃)ရေကြောင်းရဲကွက်ကဲမှုအဖွဲ့ခွဲမှရဲမှူး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူးတို့ ပါဝင်သော အဖွဲ့များသည် ၁၀.၉.၂၀၂၄ ရက် နေ့၊ နံနက် (၁၀:၀၀)နာရီတွင် သာကေတမြို့နယ် ( ယုဇန )

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဆေးဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ညွှန်ကြားချက်အရ ဈေးကွက်များအတွင်း ဆေးဝါးများ ပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိတို့အား စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံသည် (၉-၉-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ကြံခင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show အစီအစဉ်ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ ဆန်ဆိုင်များ ဆန်ရောင်းချနေမှုအခြေအနေအား စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ညွှန်ကြားချက်နှင့်အညီ စက်တင်ဘာလ (၆)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်များတွင် ဆန်ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၉) ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ရှိ မြိတ်ဆီကိုယ်စားလှယ်သို့ ရောင်းချပေးသော စားအုန်းဆီ ၇၂ ပေပါ (သို့) ပိဿာ ၇၉၂၀ ကို 6L-9521 မော်တော်ယာဥ်ဖြင့်လည်းကောင်း၊ စားအုန်းဆီ ၅၄ ပေပါ (သို့) ပိဿာ ၅၉၄၀ ကို 6L-9513 မော်တော်ယာဥ်တို့ဖြင့်လည်းကောင်း ရန်ကုန်မြို့မှ မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။