Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
05 Dec 2024

        နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ (၂၆-၁၁-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ် ၃၇လမ်း မူလတန်းကျောင်းသို့သွားရောက်၍ စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

05 Dec 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် နိုဝင်ဘာလ ၂၆ ရက်နေ့ ၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ Ocean Super center တွင်  Consumer Packaging ဖြင့် ရောင်းချနေသော  ဆန်များတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRF မှ သတ်မှတ်ထုတ်ပြန်ထားသည့် ဈေးနှုန်းများအပေါ် မြှင့်တင်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်၊၊

05 Dec 2024

        ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊  စားသုံးသူ‌ရေးရာဦးစီးဌာန၊ နတ်တလင်းမြို့နယ်တာဝန်ခံရုံး၌ စားသုံးသူရေးရာဦးစီးဌာန၏ ခရိုင်တာဝန်ခံမှ (၂၆-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူပြည်သူများအား Online  အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများအကြောင်းကို အသိပညာပေးဆွေးနွေးခြင်းပြုလုပ်ခဲ့ပါသည်။

05 Dec 2024

    နိုဝင်ဘာလ ၂၂ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီတွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာပေး ဆွေ‌နွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဌာနခွဲတာဝန်ခံများနှင့် ဝန်ထမ်းများ၊  ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ virtual ဖြင့် တက်ရောက်ခဲ့ပါသည်၊၊

05 Dec 2024

    မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (ပင်စင်စား)များအား ပင်စင်လစာထုတ်ယူသည့် နေ့ရက်တွင် သက်သာသော စျေးနှုန်းဖြင့် ဆန်၊ ဆီရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက် လျက်ရှိရာ မကွေးမြို့နယ်တွင် ဒုတိယအကြိမ် သက်သာသောစျေးနှုန်းဖြင့် ဆန်/ဆီရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအား ပင်စင်လစာစတင်ထုတ်ယူသည့် (၂၁.၁၁.၂၀၂၄) ရက်နေ့မှ လကုန်ရက်အထိ ရုံးပိတ်ရက်မပါ

Pages