သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် ရေတာရှည်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဇူလိုင်လ ၂၃ရက်နေ့၊ နံနက်ပိုင်းတွင် ရေတာရှည်မြို့၊ စည်ပင်သာယာဈေး၊ ဈေးတာဝန်ခံရုံး၌ စည်ပင်သာယာဈေးအတွင်း ရောင်းချမှုပြုနေသောလုပ်ငန်းရှင်များအား ဌာနဆိုင်ရာများအလိုက် သိသင့်သိထိုက်သည်များကို အသိပညာပေးဟောပြောခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၉၈_5.jpg?itok=RwlwbxJ4)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူများသည် (၂၃-၇-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် တောင်ငူမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများပြတ်လပ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၉၇_4.jpg?itok=_QEcf130)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းနှင့်အတူ ဇူလိုင်လ ၁၈ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဖြူးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာနခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများကို Talk Show အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၉၅_4.jpg?itok=8qgN3tqz)
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ တာဝန်ခံဒေါ်အေးအေးခိုင် (ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၂၄.၇.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ထုတ်လုပ်ရောင်းချသော ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ထည့်သွင်းဖော်ပြမှုရှိ/မရှိနှင့် ခွဲတမ်းဖြင့်ရရှိထားသော စားအုန်းဆီများ အမှန်တကယ် သုံးစွဲခြင်းရှိ/မရှိ သိရှိနိုင်ရန်အတွက် မင်းဘူးခရိုင်၊ ပွ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/26.32.jpg?itok=Z3PyrI-3)
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးဇော်ဇော်လင်း၊ တောင်ငူမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဦးစီးအရာရှိ ဦးအောင်ကိုကို၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ပေးအပ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ ပဲခူးတိုင်းဒေသကြီးဆန်စပါးဒေသကော်မတီ(၂) (တောင်ငူခရိုင်) ဥက္ကဋ္ဌ၊ ဦးကျော်စိုးမိုးတို့နှင့်အတူ ဇူလိုင်လ ၂၃ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့ပေါ်ရှိ ဆန်စက်များ၊ ဆန်သိုလှောင်ရုံများနှင့် ဆန် လက်လီ/လက်ကားအရော
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၉၆_3.jpg?itok=ZakDyPFQ)