သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် ဝန်ထမ်း များသည် (၁၇-၁၂-၂၀၂၄)ရက်နေ့ နံနက်(၁၀;၀၀)နာရီတွင် အမှတ်(၁)ရပ်ကွက် ပြန်ကျဈေးရှိ ကုန်မျိုးစုံရောင်းချသော ဆိုင်ရှင်များအား Online SaIe ရောင်းချခြင်းနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၇.၁၂.၂၀၂၄)ရက်နေ့ နံနက်(၁၀:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက် အသင်းရုံး တွင်ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ် ဆောင်ရွက် ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည်၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၁၇) ရက်နေ့ နံနက်(၁၀:၄၅)နာရီအချိန်တွင် လေးမျက်နှာမြို့၊ လှော်ကထားအုပ်စုရှိ လှော်ကထားတိုက်နယ် ပြည်သူ့ဆေးရုံ ရုံးခန်းမ၌ ဆရာ/ဆရာမများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၂.၁၂.၂၀၂၄) ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (CommunityCentre)ခန်းမ၌ အွန်လိုင်းမှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များ နှင့်စပ်လျဉ်း၍ အသိပညာ ပေး Talk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ ၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် ဘူးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။