Main menu

လူသုံးကုန်ပစ္စည်းများ

Powered by Drupal

ထုတ်ပြန်သည့်နေ့ရက်                    ၈.၁၂.၂၀၂၂

အမျိုးအစား                                 အလှကုန်ပစ္စည်း

ကုန်စည်                                      NOVO / Noble Eye Shadow (SHINING Dream)

အသိပေးထုတ်ပြန်သည့်ဌာန       မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

အန္တရာယ်ဖြစ်စေသောအကြောင်းအရင်း       Lead (+)

ထုတ်လုပ်သည့်နိုင်ငံ                     Made in P.R.C

ထုတ်ပြန်သည့်နေ့ရက်                    ၂၉.၉.၂၀၂၂

အမျိုးအစား                                 လူအသုံးအဆောင်ပစ္စည်း

ကုန်စည်                                      salt&pepper Wanderlust 3 wick candles

ထုတ်လုပ်သူ၏အမည်                    Bambis Australia

Model                                        Wanderlust 3

.ဆောင်ရွက်သည့်ပုံစံ

မိမိသဘောဆန္ဒအလျောက်ပြန်လည်သိမ်းဆည်းခြင်း

အန္တရာယ်ဖြစ်စေသောအကြောင်းအရင်

မီးလောင်ကျွမ်းစေနိုင်ခြင်း

ဆောင်ရွက်ရသည့်အကြောင်းအရင်း

          Bambis Australia သည် Harvey Norman တွင် ရောင်းချနေသော salt&pepper Wanderlust မီးစာ ၃ ခုပါ ဖယောင်းတိုင် (New York)၊ (Paris)၊ (Marrakesh)၊ (Byron Bay)၊ (Aspen) (၅)မျိုးအား ပြန်လည်သိမ်းဆည်းကြောင်း ကြေညာခဲ့ပြီး ယင်းသို့ ဆောင်ရွက်ရသည်မှာ ဖယောင်းတိုင် ထည့်ထားသည့် ဖန်ခွက်များသည် အပူရှိန်ကြောင့် ကျိုးပဲ့ခြင်း သို့မဟုတ် ကွဲအက်ခြင်းဖြစ်နိုင်ပြီး ဖယောင်းတိုင်ရှိဖယောင်းများ လောင်ကျွမ်းကာ မီးလောင်ကျွမ်းစေနိုင်သောကြောင့်ဖြစ်ပါသည်။

အသိပေးထုတ်ပြန်သည့်နိုင်ငံ          စင်္ကာပူနိုင်ငံ

 

 

ထုတ်ပြန်သည့်နေ့ရက်                    ၁၀.၆.၂၀၂၂

အမျိုးအစား                                 လူအသုံးအဆောင်ပစ္စည်း

ကုန်စည်                                      METALLISK ESPRESSO MAKER

ထုတ်လုပ်သူ၏အမည်                    IKEA

Model                                        Product Date Stamps: between 2040 and 2204

.ဆောင်ရွက်သည့်ပုံစံ

မိမိသဘောဆန္ဒအလျောက်ပြန်လည်သိမ်းဆည်းခြင်း

အန္တရာယ်ဖြစ်စေသောအကြောင်းအရင်

ပေါက်ကွဲစေတတ်ခြင်း

ဆောင်ရွက်ရသည့်အကြောင်းအရင်း

          IKEA သံမဏိ အဆို့ရှင် သို့မဟုတ် ဗားခလုတ်ပါသော METALLISK espresso maker 0.4 L (ကော်ဖီဖျော်စက်) အမှတ်စဉ် ၂၀၄၀ နှင့် ၂၂၀၄ အတွင်း ရိုက်နှိပ်ထားသည့် ထုတ်ကုန်များသည် အသုံးပြုနေစဉ်၌ အပိုင်း (၂ ) ပိုင်းကွဲထွက်ခြင်းအားဖြင့် သုံးစွဲသူများကို အပူလောင်နိုင်သည့် အတွက် ပြန်လည်သိမ်းဆည်းခြင်းဖြစ်ပြီး အဆိုပါ သတ်မှတ်ထားသော အမှတ်စဉ်ပါ ကော်ဖီဖျော်စက်များကို ဝယ်ယူသုံးစွဲနေသူများအနေဖြင့် အသုံးပြုမှုအား ရပ်တန့်ရန်နှင့် ဝယ်ယူ ထားရှိမှုအတွက် အပြည့်အဝ ငွေ ပြန်အမ်းမှုရရှိရန် Exchanges & Returns ကောင်တာရှိသည့် မည်သည့် IKEA စတိုးတွင်မဆိုပြန်လည် အပ်နှံ၍ ငွေထုတ်ယူနိုင်ပြီး ထိုသို့ဆောင်ရွက်ရန် ပစ္စည်းဝယ်ယူထားသည့် အထောက်အထား (ပြေစာ)ပြသရန်မလိုအပ်ကြောင်းနှင့် ဤသို့ ပစ္စည်းများ ပြန်လည်သိမ်းဆည်းရန်အတွက်လည်း IKEAမှ တောင်းပန်ကြောင်း ဖော်ပြထားပါသည်။

 

အသိပေးထုတ်ပြန်သည့်နိုင်ငံ                     မလေးရှားနိုင်ငံ

 

 

ထုတ်ပြန်သည့်နေ့ရက်                    ၃၁.၇.၂၀၂၂

အမျိုးအစား                                 လူအသုံးအဆောင်ပစ္စည်း

ကုန်စည်                                      Olight M2R Pro warrior & warrior Mini  Flashlight (လက်ကိုင်ဓာတ်မီး/လက်စွဲမီးအိမ်)

ထုတ်လုပ်သူ၏အမည်                    Olight World, add: 5th floor, Building A2, Fuhai  information harbor.Bao’an district, Shenzhen, Guangdong, China

Model                                        M2R Pro warrior & warrior Mini

.ဆောင်ရွက်သည့်ပုံစံ

       မိမိသဘောဆန္ဒအလျောက်ပြန်လည်သိမ်းဆည်းခြင်း

အန္တရာယ်ဖြစ်စေသောအကြောင်းအရင်

        ပေါက်ကွဲစေတတ်ခြင်း

ဆောင်ရွက်ရသည့်အကြောင်းအရင်း

          Korea Consumer Agency  ( KCA ) ၏ တွေ့ရှိချက်အရ Olight မှ ထုတ်လုပ်သည့် M2R Pro Warrior နှင့် Warrior Mini ထုတ်ကုန်များသည် ယင်းတွင်တပ်ဆင်ထားသည့် အဖွင့်အပိတ်ခလုတ်များ အလိုအလျောက်ပွင့်စေနိုင်ပြီး  ထိုသို့ပွင့်စေခြင်းဖြင့် အပူချိန်လွန်ကဲ၍ပေါက်ကွဲနိုင်သည့် အန္တရာယ်များ ဖြစ်ပေါ်စေပါသည်။ KCA သည် ကိုရီးယား  (၂)ခုကို စမ်းသပ်ခဲ့ပြီး လျှပ်ကူးနိုင်သော သတ္တုများ (metal)နှင့် ထိတွေ့သည့်အခါ လော့ဒ်ဖွင့် ထားပါက( Lock mode on ) အဆိုပါ ထုတ်ကုန်များ၏ခလုတ်သည် အလိုအလျောက် ပွင့်သွားစေနိုင်ကြောင်းတွေ့ရှိခဲ့ရသည်။ ထုတ်လုပ်သူမှ ဖော်ပြထားသည့် သတင်းအချက်အလက်များအရ အဆိုပါ Olight ၏ M2R Pro Warrior နှင့် Warrior Mini ထုတ်ကုန်များသည် မှန်ကန်တိကျစွာ အသုံးပြုပါက စားသုံးသူအား အန္တရာယ်မဖြစ်နိုင်ပါကြောင်း၊ အတိ အကျအားဖြင့်   ကျောပိုးအိတ်၊ အိတ် သို့မဟုတ် အိတ်ကပ်များထဲတွင် သိမ်းဆည်းထားသည့်အခါတွင် အတော်တဆဖြစ်မှုအား ကာကွယ်ရန် အသုံးမပြုသည့် အခါ လော့ဒ်ပိတ်ထားရန်နှင့်  ( Lock mode off ) ခလုတ်ပိတ်ထားရန် လိုအပ်ပါသည်။ ထို့ကြောင့် စားသုံးသူများအနေဖြင့် ကုန်စည်အား အသုံးမပြုမီ သုံးစွဲသူလက်စွဲစာအုပ်အား သေချာစွာဖတ်ရှုရန် လိုအပ် ပါသည်။ အသုံးပြုရန် မလိုအပ်သည့်အခါ ပျက်စီးမှု (ပေါက်ကွဲမှု) မဖြစ်စေရန် သတ္တုပစ္စည်းများအနီးတွင် ဓာတ်မီးကို မထားသင့်ပါ။ ကုန်ပစ္စည်းနှင့်ပတ်သက်၍ စားသုံးသူများ ဘေးကင်းလုံခြုံ မှုရှိစေရန်အတွက် သုံးစွဲသူများအနေဖြင့် မိမိတို့ ဝယ်ယူထားသည့် ဓာတ်မီးသည် ထိခိုက်မှုရှိနိုင်သည့် ထုတ်ကုန်များ စာရင်းတွင်ပါဝင်မှု ရှိ၊ မရှိ သိလိုပါက Olight ထုတ်ကုန်များ ပြန်လည်ရောင်းချသူများထံ တိုက်ရိုက် ဆက်သွယ်နိုင်ကြောင်းနှင့် ဘေးကင်းလုံခြုံမှုရှိသည့် အခြား ထုတ်ကုန်များနှင့် အစားထိုးကာ ပြန်လည်၍လည်း လဲလှယ်ခွင့်ရှိကြောင်းဖော်ပြထားပါသည်။

 

အသိပေးထုတ်ပြန်သည့်နိုင်ငံ                     ဗီယက်နမ်နိုင်ငံ

 

ထုတ်ပြန်သည့်နေ့ရက်                    ၂၂.၅.၂၀၂၂

အမျိုးအစား                                 smart နာရီ

ကုန်စည်                                     Fitbit Ionic Smartwatches

ထုတ်လုပ်သူ၏အမည်                    Fitbit LLC

ဆောင်ရွက်သည့်ပုံစံ

မိမိသဘောဆန္ဒအလျောက်ပြန်လည်သိမ်းဆည်းခြင်း

အန္တရာယ်ဖြစ်စေသောအကြောင်းအရင်

Fitbit Ionic Smartwatches  ကုန်စည်၏ ဘတ်ထရီသည် အပူလွန်ကဲ မီးလောင်နိုင်ကြောင်း တွေ့ရှိရသည့်အတွက်ဖြစ်ပါသည်။

အသိပေးထုတ်ပြန်သည့်နိုင်ငံ            စင်္ကာပူနိုင်ငံ

 

Pages