ကုန်သွယ်မှုသတင်းများ
ဗီယက်နမ်နိုင်ငံရှိ ဥရောပကုန်သည်ကြီးများအသင်း(EuroCham)က ဗီယက်နမ်၏ တည်ငြိမ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်ချက်ရှိကြောင်း ဘယ်လ်ဂျီယံနိုင်ငံရှိ ဗီယက်နမ်သံရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ ပြောကြားခဲ့ပါသည်။ ဇူလိုင်လ ၂ ရက်နေ့က ကျင်းပခဲ့သည့်အခမ်းအနားတွင် ဘယ်လ်ဂျီယံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Nguyen Van Thao က ဗီယက်နမ်နှင့် ဥရောပသမဂ္ဂအကြား အစိမ်းရောင်နှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိန်းထားခြင်း၊ ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်နယ်ပယ်နှင့် သဘာဝပတ်

ကမ္ဘာပေါ်တွင် ကညွတ်အမျိုးအစားပေါင်း(၁၅၀) ခန့် ရှိပြီး မြန်မာနိုင်ငံတွင် ကညွတ်ရိုင်းများကို ဟင်္သာတ ၊ ဓနုဖြူ ၊ အင်္ဂဘို ၊ သာယာဝတီနယ်များတွင်စိုက်ပျိုးသည်ကို တွေ့ရှိရပါသည်။ မြန်မာကညွတ်မျိုးများသည် အစို့ တုတ်ခိုင်သန်မာပြီး စားသောက်ရာတွင် သက်တက်တက်အရသာရှိပြီး အမျှင်ပါဝင်၍ ဆေးဘက်ဝင်ပါသည်။ယခုအခါကညွတ်စပ်မျိုး များကို စိုက်ပျိုးကြပြီး စပ်မျိုးကညွှတ်များသည် စားသောက်ရာတွင် နူးညံ့မှုရှိပြီးအထွက် စောပါသည်။

အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးတင်းမာမှု၏ သက်ရောက်မှုများကို လျော့ပါးစေရန်အတွက် အင်ဒိုနီးရှားနိုင်ငံသည် တရုတ်ကုန်ပစ္စည်းများတင်သွင်းခွန်ကို ၂၀၀ ရာခိုင်နှုန်းထိ ကောက်ခံသွားမည်ဟု ကုန်သွယ်ရေးဝန်ကြီး Zulkifli Hasan ၏ အဆိုအရ သိရပါသည်။ မူဝါဒသည် သက်ဆိုင်ရာစည်းမျဉ်းများထုတ်ပြန်ပြီးက သက်ရောက်မည်ဖြစ်ပြီး ထိုကုန်သွယ်ရေးတင်းမာမှုသည် တရုတ်နိုင်ငံတွင် ရောင်းလိုအားအလွန်များပြားလာမှုကို ဖြစ်ပေါ်စေပြီး အင်ဒိုနီးရှားကဲ့သို့သော အခြားဈေးကွက်များသို့ ဦးတည်ရာပြောင်းလဲ၍ တင်

တရုတ်နိုင်ငံ၏ BYD ကားကုမ္ပဏီသည် ၎င်းတို့၏ အရှေ့တောင်အာရှတွင် ပထမဆုံး လျှပ်စစ်ကားစက်ရုံကို ထိုင်းနိုင်ငံတွင် ၄-၇-၂၀၂၄ နေ့က ဖွင့်လှစ်ခဲ့ပါသည်။ BYD ၏ CEO နှင့်ဥက္ကဌ ဖြစ်သူ Wang Chuanfu က ထိုင်းနိုင်ငံသည် လျှပ်စစ်ကားနှင့်ပတ်သက်၍ မြင်သာသည့် ရှုမြင်မှုရှိပြီး ကားထုတ်လုပ်မှုခေတ်သစ်တစ်ခုကို ဝင်ရောက်လာကြောင်းနှင့် BYD က နည်းပညာ ကို တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ သယ်ဆောင်လာမည်ဟု ပြောကြားခဲ့ပါသည်။ BYD စက်ရုံသည် အစိုးရ၏ ထောက်ပံ့ငွေနှင့် အခွန်မက်လုံးများအကူအညီဖြင့် ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံစီးပွားရေးဝန်ကြီးဌာန၊ ဝန်ကြီး Phumtham Wechayachai သည် မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံအကြား တတိယ အကြိမ်မြောက် ပူးတွဲကုန်သွယ်ရေးကော်မတီအစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း သိရပါသည်။ အစည်းအဝေးသည် ထိုင်းနိုင်ငံ၏ ယခုနှစ်အတွက် ပထမဆုံးပူးတွဲ ကုန်သွယ်ရေး ကော်မတီ အစည်းအဝေးဖြစ်ကြောင်း သိရပါသည်။ အစည်းအဝေးသည် နှစ်နိုင်ငံကြား ကုန်သွယ်မှုကို ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံမှ ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လ
