ကုန်သွယ်မှုသတင်းများ
အင်ဒိုနီးရှား၏ စိုက်ပျိုးရေးဝန်ကြီးဌာန၏ စိုက်ပျိုးရေးတိုးချဲ့ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (BPPSDMP) အကြီးအကဲ Dedi Nursyamsi က ၂၀၂၃ ခုနှစ်၏ ရှည်လျားလှသော ခြောက်သွေ့သောရာသီဥတုအခြေအနေများကြောင့် ဆန်ထုတ်လုပ်မှုလျော့ကျသွားကြောင်း ဇွန်လ ၆ ရက်နေ့ (ဗုဒ္ဓဟူးနေ့) က ထောက်ပြခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်း၌ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များလည်း ရောင်းချလျက်ရှိသည်။ မုန်လာထုပ်နှင့် ပန်းမုံလာပွင့်များကို အိမ်ရှင်မများက အိမ်သုံးအတွက်ဝယ်ယူကြသလို စားသောက်ဆိုင်များမှ ဓိကဝယ်ယူကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးသို့ မြို့ပေါ်နေပြည်သူများ၊ ကန့်ဘလူမြို့နှင့်အနီးတဝိုက်ရှိ ပြည်သူများက နေ့စဉ်လာရောက်၍ ဝယ်ယူခြင်း၊ ဒေသထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၌ ၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်းဖြစ်ပေါ်ခဲ့သော စပါး၊ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါးတင်း(၁၀၀)လျှင် ငွေကျပ် ၄၀၀၀၀၀၀ ၊ ဧရာမင်း စပါးတင်း(၁၀၀)လျှင် ငွေကျပ် ၂၇၀၀၀၀၀ နှင့် ရွှေဘိုပေါ်ဆန်း၂၄ ပြည်ပါဆန်တစ်အိတ်လျှင် ငွေကျပ် ၁၄၀၀၀၀ ၊ ဧရာမင်း၂၄ ပြည်ပါဆန်တစ်အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးသို့အိတ်ရေ ၁၀၀၀၊ မန္တလေးတိုင်းဒေသကြီးသို့ အိတ်ရေ ၁၀၀၀ စ
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် မဟာရွှေစည်ကြီးဘုရာအနီးရှိ ဘုရားကြီးညဈေးတန်းတွင် စားသောက်ဆိုင်များ၊ သစ်သီးဆိုင်များနှင့် ရာသီပေါ်အသီးအနှံများရောင်းချရာ ဈေးဝယ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
