ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မတ်ပဲဈေးကွက်အနေဖြင့် မေလ နောက်ဆုံးပတ်တွင် ပိဿာ(၂၀) တစ်တင်းလျှင် (၁၀၇၇၀၀)ကျပ်ထိရှိခဲ့ပြီး၊ ဇွန်လပထမပတ်နှင့် ဒုတိယပတ်တို့တွင် တစ်တင်းလျှင်(၁၁၀၆၆၀) ကျပ်ထိရှိခဲ့ရာ (၂၉၆၀)ကျပ်ထိ အနည်းငယ် မြင့်တက်ခဲ့ကာ ပဲငပိ (၂၀) ပိဿာ တစ်တင်းလျှင်(၅၉၁၀၀ မှ ၆၀၉၀၀) ထိအရောင်းအဝယ်ရှိနေပြီး ကုလားပဲနှင့်ပဲယင်းမှာ အရောင်းအဝယ်မရှိပါကြောင်း သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သော သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့များ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းကာ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် အခြေခံစား သောက်ကုန်များကို ပြည်သူများအား ၂၀၂၃နှစ် ဇ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ အနောက်ပိုင်းရွာသစ်ရပ်ကွက်နှင့် ကိုးတောင့်၊ ရေလယ်ကျွန်း၊ သံဇလုံ၊ အောက်ဆိပ်၊ ချဉ်တောင်၊ မြင့်ကဝ၊ ချောင်းမန်ကျည်း၊ တူရွင်းမျှော၊ ဂွေးပင်ကျေးရွာများတွင် မိသားစုအပိုဝင်ငွေရရှိစေရန် ကုန်စိမ်းသီးနှံ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြကြောင်း၊ ဆောင်းသီးနှံစိုက်ပျိုးမှုများပြီး နွေသီးနှံပင်ထောင်ခရမ်းချဉ်များကို စိုက်ပျိုးမှု နည်း၍ဈေးကွက်လိုအပ်ချက်အရ ဒေသတွင်းခရမ်းချဉ်သီးအပြင် ရှမ်းပြည်အောင်ပန်းနှင့် ပုပ္ပါးဒေသထွက် ခရမ်းချဉ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သည်နှင့်အညီ စပါးကိုဦးစားပေး၍ စိုက်ပျိုးကြပါသည်။ မြန်မာလူမျိုးများအဖို့ စားသုံးရန်အတွက် ဆန်ရရှိရန် စပါးကိုဦးစားပေး စိုက်ပျိုးကြပါသည်။ စပါးကို မိုးစပါးနှင့် နွေစပါးဟူ၍ တစ်နှစ်ကိုနှစ်ကြိမ်စိုက်ပျိုးကြပြီး စပါးအမျိုး ပေါင်းများစွာကိုစိုက်ပျိုးကြပါသည်။ ပြည်ခရိုင်အနေဖြင့် စပါးမျိုးပေါင်း မြောက်မြားစွာ ရှိသည့် အနက် ဧည့်မထစပါးမျိုးမှာ လူအများစားသုံးကြသဖြင့် နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော စပါးဈေး၊ ဆန်ဈေးများအား လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

လူအများနေ့စဉ်စားသုံးရာတွင် ဆန်ပြီးလျှင် စားသုံးဆီသည်လည်း ဒုတိယအရေးပါသော အခြေခံစားကုန်တစ်မျိုးဖြစ်ပါသည်။ ပြည်ခရိုင်တွင် နှစ်အလိုက်ဖြစ်ပေါ်ခဲ့သော စားသုံးဆီ ဈေးနှုန်း များကို လေ့လာသုံးသပ်တင်ပြအပ်ပါသည်။
စဉ် ခုနှစ် အမျိုးအမည် ရေတွက်ပုံ ဈေးနှုန်း
