Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
06 Jun 2025

    ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်စားသောက်ကြသော်လည်း မိသားစုဝင်ငွေတစ်ဖက်တစ်လမ်းရရှိအောင် တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်ငန်းများအဖြစ် ဝက်မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ကြပါသည်။ မွေးကင်းစမှ (၄၅)ရက်အတွင်း ဝက်သားပေါက်တစ်ကောင်လျှင် (၃၀၀၀၀၀)ကျပ်ခန့်အနည်းဆုံးဈေးရရှိ၍ (၄၅)ရက် သားမှ ဈေးကွက်သို့ ရောက်ရှိရန်အတွက် အနည်းဆုံး(၄)လမှ (၆)လခန့်ကြာမြင့်ပြီး တစ်ကောင် လျှင် (၈)သိန်းမှ(၁၀)သိန်းအထိ ဈေးကောင်းရရှိလျှက်ရှိပါသည်။ (၄၅)ရက်သားမှစ၍    မွေးမြူရ

06 Jun 2025

ကျွန်းလှမြို့နယ်ရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များမှ မိမိတို့တောင်ယာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ နေကြာ စသည့်တို့အနက်မှ စွန်တာနီပဲ (ခေါ်)ပဲနီကိုလည်း ကန့်ဘလူမြို့ပွဲရုံများနှင့် ကျွန်းလှမြို့ပေါ်ဈေးကွက်သို့ လာရောက် ရောင်းချကာ ဈေး‌ကောင်ရရှိ၍ အရောင်း အဝယ် ဖြစ်လျက်ရှိ ကြောင်းသိရသည်။

06 Jun 2025

ကျွန်းလှမြို့တွင် ရာသီအရွေး ရောင်းချရန် ပဲတီစိမ်းကို ပဲတီပင် ပေါက်ဖောက်၍  ရောင်းချလျက်ရှိရာ           ဇွန်လ ‌ပထမပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော ပဲတီပင်ပေါက် ဈေးနှုန်းမှာ ပဲတီပင်ပေါက် လက္ကား တစ်ပိဿာလျှင်(၄၇၀၀)ကျပ်၊ ပဲတီပင်ပေါက် လက်လီ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၅၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် (၁၀)ကျပ်သားခန့် တစ်ပုံလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

06 Jun 2025

ကျွန်းလှမြို့တွင် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံများ၊ နှစ်ရှည် သီးနှံပင်များကို  စိုက်ပျိုးထားကြသည့်အနက် နှစ်ရှည်ပင်ဖြစ်သည့် ပိန္နဲပင်သည်လည်း တစ်မျိုးပါဝင် ပါသည်။ ပိန္နဲသီးပြုတ်ကို ဖေဖော်ဝါရီလတွင် ဈေးကွက်သို့ရောက်ရှိလာကာ ရောက်ရှိလာခြင်း ဖြစ်ပါသည်။ ပိန္နဲသီးပြုတ်ကို မိမိတို့ဒေသတွင်သာမက ဒေသတိုင်းတွင် လူကြိုက်များပြီး အစားများကြသော အသီးတစ်မျိုးဖြစ်ပါသည်။

06 Jun 2025

      ကယားပြည်နယ်၊ လွို်ငကော်မြို့တွင် ခရမ်းချဉ်သီးများ စိုက်ပျိုးမှုနည်းပါးခြင်းကြောင့် ခရမ်းချဉ်သီးများအား တောင်ကြီး ၊ အောင်ပန်း ၊ ကလောတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိပါသည်။ မှာယူရသည့်နေရာ ဒေသအခြေအနေနှင့် ခရမ်းချဉ်သီး အလုံးအရွယ်အစားအလိုက် အကြီး၊အသေး ပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများ ရှိပါသည်။ ယခင်မေလနောက်ဆုံးအပတ် လွိုင်ကော်မြို့အတွင်း ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၅၀၀မှ၃၀၀၀) အတွင်းရှိပြီး ယခုဇွန်လ ပထမပတ် တစ်ပိဿာလျှင်(၃၀၀၀မှ ၃၅၀၀) ဈေးထိရှိပြီး ယခင်လနှင့် နှိုင်းယှဉ်ပါက

Pages