ကုန်သွယ်မှုသတင်းများ
စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်ကြက်သွန်ဖြူကို ဟင်းလျာများတွင်အသုံးပြုပြီး ပြည်နယ်အတွင်းတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြပြီး အောင်ပန်း၊ ကလောတို့မှလည်း သယ်ယူကာ ရောင်းချလျက်ရှိပါသည်။လက်ရှိဈေးကွက်အတွင်းဖြစ်ပေါ်နေသော ကြက်သွန်ဖြူဈေးနှုန်းမှာ ယခုဒီဇင်ဘာလအတွင်း ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်စ)တစ်ပိဿာလျှင် (၅၂၀၀)ကျပ် ယခင်နိုဝင်ဘာလတွင်ဖြစ်ပေါ်ခဲ့သောဈေးနှုန်းမှာ ကြက်သွန်ဖြူ(ရှမ်းစ)တစ်ပိဿာလျှင် (၄၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်စ)တစ်ပိဿာလျ
ကယားပြည်နယ်တွင် ကွမ်းရွက်နှင့်ကွမ်းသီးတို့ကို အနည်းငယ်စိုက်ပျိုးကြပါသည်။ ပြည်နယ်အတွင်း ကွမ်းရွက်စိုက်ဧကမှာ (၁၅၅)ဧကနှင့် ကွမ်းသီးစိုက်ဧကမှာ (၁၂၂)ဧကခန့် စိုက်ပျိုးခဲ့ကြပြီး ကွမ်းရွက်များကို အခြားဒေသများဖြစ်သော မန္တလေး၊ မုံရွာမြို့တို့မှလည်း ကောင်း၊ ကွမ်းသီးများကို တောင်ငူမြို့တို့မှလည်းကောင်း တင်သွင်းလာကြသည်ကိုလည်း တွေ့ရှိရပါသည်။ ပြည်နယ်အတွင်း ကွမ်းရွက်တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်ခန့်နှင့် ကွမ်းသီးတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း ကွမ်းရွက်
ကယားပြည်နယ်အတွင်းရှိ ပြည်သူများစားသုံးရန်အတွက် ပန်းဂေါ်ဖီပွင့်များကို လွိုင်ကော်မြို့နယ်ရှိ လင်ဖုံလေးကျေးရွာတွင် အနည်းငယ်သာစိုက်ပျိုးကြပြီး ဈေးကွက်တွင်ဝင်ရောက်နေသော ပန်းဂေါ်ဖီပွင့်များကို ရှမ်းပြည်နယ် ကလော၊ ပင်လောင်း၊ နောင်တရားဒေသတို့မှ မှာယူရောင်းချကြပါသည်။
(၇-၁၂-၂၀၂၂)ရက်နေ့၌ ပြည်ထောင်စုနယ်မြေ၊ စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးနှင့် Diamond Dragon Companyတို့ ပူးပေါင်း၍ သက်သာသောဈေးနှုန်းဖြင့် စားသုံးသူ ပြည်သူများထံသို့ ဘူးသွင်းပြီး စားအုန်းဆီများကို ဥတ္တရသီရိမြို့နယ်၊ တောင်ညိုဈေးနှင့် လယ်ဝေးမြို့နယ်၊ သပြေပင်ဈေးတို့တွင် တစ်ပိဿာ (၅၃၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦး တစ်ပိဿာနှုန်း ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပြည်ထောင်စုနယ်မြေ)
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းသည် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် (၅.၁၂.၂၀၂၂)နေ့ နံနက်(၀၉:၀၀) အချိန် တွင် ပွင့်ဖြူမြို့နယ်မုန်းမြင့်ကျေးရွာ၌ ပဲလွန်းစိုက်ပျိုးသူတောင်သူ ဦးဇော်လင်းနှင့်တွေ့ဆုံ၍ တစ်ဧက စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။