ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်းနှင့် ဈေးကြီးအနီး ပတ်ဝန်းကျင်တွင် ရာသီအလိုက်သစ်သီးမျိုးစုံရောင်းချသည့်ဆိုင်ပေါင်း (၂၅)ဆိုင်ခန့်ရှိပြီး ဆယ့်နှစ်ရာသီ ပတ်လုံး ဥပုဒ်နေ့နှင့်နေ့ထူးနေ့မြတ်များမှလွှဲ၍ ကျန်သောနေ့များတွင် ဈေးကြီးအတွင်းရောင်းချပါက နေ့စဉ် နံနက်(၀၆:၃၀)နာရီအချိန်မှစတင်၍ ညနေ(၁၆:၃၀)နာရီအချိန်ထိရောင်းချနိုင်ပြီး ဈေးကြီး အပြင်ဘက်တွင် ရောင်းချသည့်ဆိုင်များအနေဖြင့် နံနက်(၀၅:၀၀)နာရီအချိန်စတင်၍မှ ညနေ (၁၇:၃၀)နာရီ အချိန်ထိ ရောင်းချကြ
အောက်တိုဘာလစတုတ္ထပတ်တွင် မင်းဘူးမြို့နယ်အတွင်းရောင်းချလျက်ရှိသော ကြက်သွန်နီ မှာ(၁)ပိဿာလျှင် ကျပ်(၄၀၀၀)ဖြစ်ပြီး နိုဝင်ဘာလ ပထမပတ်တွင် ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ် (၄၃၀၀)ဖြစ်၍ ဈေးအနည်းအငယ်တက်လာကြောင်း ကြက်သွန်နီမှာ အသစ်မပေါ်သေးမီ သိုလှောင်လက်ကျန်လျော့နည်းလာသည့်အတွက် ဈေးမြင့်တက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။
မင်းဘူးမြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ရေထွက်ကုန်ပစ္စည်းများမှာ နိုဝင်ဘာလ ပထမပတ်တွင် ငါးကြင်းဖြူခြောက်(1)ပိဿာလျှင် ကျပ်14000၊ အာဗြဲခြောက်အကြီး၊ အလတ်၊ အသေး နှင့် ဆားအပေါ့အငန်ပေါ်မူတည်၍ (1)ပိဿာလျှင် ကျပ်(32000-28000-22000) ဖြစ်ကြောင်း၊ ငါးနီတူးခြောက် (1)ပိဿာလျှင် ကျပ်(12000)၊ ပုဇွန်ခြောက် (1)ပိဿာလျှင် ကျပ်(35000မှ60000) ထိရှိကြောင်း၊ ပုဇွန်ခြောက်သည် ဆားအပေါ့အငန်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာများသည် လယ်ယာမြေများတွင် ရာသီအလိုက် စပါး၊ ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများစိုက်ပျိုးကြပြီး မြန်မာနိုင်ငံအနှံ စားသုံးမှုများ၍ ဈေးကွက်အခိုင်အမာရှိသော ကောက်ညှင်းစပါးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ပွင့်ဖြူဒေသတွင် ကောက်ညှင်းမျိုးများစွာရှိသည့်အနက်မှ ကောက်ညှင်းဖြူ(နတ်ပြည်မွှေး)ကို အဓိကထား စိုက်ပျိုးကြကြောင်း ကောက်ညှင်းဖြူကို ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ ကောက်ညှင်းဖြင့်ပြုလုပ်ရသော မုန့်အမျိုးမျိုးနှင့်
စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကသာခရိုင်တွင် မိုးစပါးများ အနည်းငယ် စတင်ထွက်ပေါ်နေပြီဖြစ်သည့်အတွက် ဆန်/စပါးဈေး အနည်းငယ်ကျနေပြီး၊ ကျန်ခရိုင်များတွင် နိုဝင် ဘာလ(ဒုတိယ)ပတ်၌ ဈေးအေးနေခဲ့ပါသည်။