ကုန်သွယ်မှုသတင်းများ
မေလ ၂၆ ရက်နေ့က ပါကစ္စတန်နိုင်ငံသည် ဆားရည်စိမ်အသီးအနှံ (Pickle) ၂၅ တန်အား အနောက်ပိုင်းဟီရတ်ပြည်နယ်မှ ဥရောပနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်းနိုင်ငံပိုင် Bahtar သတင်း ဌာန၏ မေလ ၂၇ ရက်နေ့ကဖော်ပြချက်အရသိရသည်။

အင်ဒိုနီးရှားနိုင်ငံ၏ အရန်ဆန်သည် မေလ ၂၉ ရက်နေ့အထိတန်ချိန် ၄ သန်းကျော်ရှိကာ သမိုင်းဝင်အမှတ်အသားတစ်ခုသို့ ရောက်ရှိခဲ့ပြီး နိုင်ငံ၏ အစိုးရစားနပ်ရိက္ခာ ကုမ္ပဏီ Perum Bulog ကို ၁၉၆၉ ခုနှစ်တွင် စတင်တည်ထောင်ပြီးနောက်ပိုင်းမှ အစပြု၍ စံချိန်တင်အမြင့်ဆုံးဖြစ် ခဲ့သည်။ စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က နိုင်ငံအတွင်း ဆန်စပါးထုတ်လုပ်မှုကို အမြဲအားပေးနေသည့် သမ္မတ Prabowo Subianto ၏ ညွှန်ကြားချက်အောင်မြင်မှုကိုလည်း ချီးကျူးခဲ့သည်။ အဓိကရိတ်သိမ်းချိန်များ၌ပင် လယ်သမားများသည် ရောင

ဖိလစ်ပိုင်နိုင်ငံမှ ဒူးရင်းသီးသည် အီဂျစ်နိုင်ငံသို့ စျေးကွက်ဝင်ရောက်လာပြီဖြစ်ကြောင်း မေ ၂၉ ရက်တွင် စိုက်ပျိုးရေးဌာန၏ စက်ရုံလုပ်ငန်းဌာန ထုတ်ပြန်ချက်အရသိရသည်။ ၂၀၂၅ ခုနှစ် မေလ ၁၈ ရက်နေ့တွင် အတည်ပြုခဲ့သော ထိုစျေးကွက်တိုးချဲ့မှုသည် နှစ်နှစ်နီးပါး နည်းပညာဆိုင် ရာစေ့စပ်ညှိနှိုင်းမှု၊ ပိုးမွှားအန္တရာယ်အကဲဖြတ်မှုနဲ့ ဖိလစ်ပိုင်နှင့် အီဂျစ်တို့ကြား စည်းမျဥ်းစည်း ကမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုတစ်ခု ဖြစ်ကြောင်း ဗျူရိုက ဗုဒ္ဓဟူးနေ့မွန်းလွဲ ပိုင်းတွင် လူမှုမီဒီယာ၌ ဖော

ဂျပန်နိုင်ငံတွင် ပုံမှန်ဓာတ်ဆီ လက်လီဈေးသည် တစ်လီတာလျှင် ယန်း ၁၈၀ (အမေရိကန် ဒေါ်လာ ၁.၂၄ ခန့်) အောက်သို့ ကျဆင်းသွားကာ ငါးလတာ အနိမ့်ဆုံးသို့ ရောက်ရှိသွားကြောင်း စက်မှုဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။ တနင်္လာနေ့အထိ နိုင်ငံတစ်ဝှမ်းရှိ ဓာတ်ဆီ တစ်လီတာလျှင် ပျှမ်းမျှ ယန်း ၁၇၇.၆ ၊ ယခင်အပတ်ကထက် ၄.၅ ယန်း ကျဆင်းခဲ့ပြီး ယမန်နှစ် ဒီဇင်ဘာ ၁၆ ရက်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၏ အချက်အလက် များအရသိရသည်။ နိုင်ငံ၏ စီရင်စု ၄၇ ခုစလုံးသည် ပျမ်းမျှစျေးနှုန်းများ ကျဆင်းသွ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ ၂၀၂၅ခုနှစ်၊ မေလပထမ သီတင်းပတ်တွင် ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး (၉၈၀၀၀) ကျပ်သိရှိရပြီး၊ မေလနောက်ဆုံးသီတင်းပတ်တွင် အနိမ့်ဆုံး(၉၇၀၀၀)ကျပ်မှ အမြင့်ဆုံး(၉၇၅၀၀)ကျပ် အထိရှိပါသည်။စီးထွက်မှုအနေဖြင့် မေလ နောက်ဆုံးသီတင်းပတ်အထိ အိတ်လုံးရေ (၁၈၃၃၀၀) အိတ်ခန့်ထိ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)
