ကုန်သွယ်မှုသတင်းများ
ကသာမြို့တွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းမှာ ဩဂုတ်လနောက်ဆုံးပတ်တွင် လက်လီတစ်ပိဿာ ကျပ်(၃၈၀၀)ထိ မြင့်တက်သွားပြီး လက်ရှိ ကြက်သွန်နီဈေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင် အကြီး၊ အသေးပေါ်မူတည်၍ ( ၃၇၀၀ မှ ၃၂၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် အကြီး (၄၀၀၀) ကျပ် ၊ အသေး (၃၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကာ ကြက်သွန်နီဈေးနှုန်းမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း သိရသည်။
ကယားပြည်နယ်တွင် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ငရုတ်သီးကို လွိုင်ကော်မြို့နယ် မှုံပြာကျေးရွာ ၊ လင်ဖုံလေးကျေးရွာ ၊ ဒီးမောဆိုမြို့နယ် ကုန်းသာကျေးရွာများမှ အများဆုံး စိုက်ပျိုး ကြပြီး ယခုစက်တင်ဘာလတွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ငရုတ်သီးခြောက်ဈေးနှုန်းမှာ
စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို ကယားပြည်နယ်၊ မိုင်းလုံးရပ်ကွက်၊ မှုံပြာ ၊ လင်ဖုံလေး ကျေးရွာများမှ အများဆုံးစိုက်ပျိုးကြသော်လည်း ယခုနှစ်တွင် ဒေသအခြေအနေအရ စိုက်ပျိုးနိုင်မူ လျော့နည်းသောကြောင့် ဈေးကွက်လိုအပ်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသဘက် မှတင်းသွင်းရောင်းချလျက်ရှိကြောင်း ယခင်ဩဂုတ်လဒုတိယပတ်တွင် ဈေးကွက်အတွင်းခရမ်းချဉ် သီးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၈၀၀)ကျပ်ဈေးဖြင့်သာရောင်းချလျက်ရှိပြီး ယခုစက်တင်ဘာလ ဒုတိယပတ်တွင်ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလ
ယခုတစ်ပတ်တွင် ညောင်လေးပင်မြို့နယ်၏ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး စျေးနှုန်းများအနေဖြင့် ပင်သန်ပုလဲ ၅၀ kg (ဩဘာ) တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ် ၊ အီမို ပိုကောင်းပုလဲ 50 kg တစ်အိတ်လျှင် ၁၁၀၀၀၀ ကျပ် ၊ ရွှေဖားစည် ဆေးပုလဲ တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ် ၊ မာရသွန် 21 ပုလဲ ( ဩဘာ) ဓာတ်မြေသြဇာ 50kg တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်၊ မြင်းပျံ ပုလဲ (သြဘာ) 50kg တစ်အိတ်လျှင် ၈၇၅၀၀ကျပ် ၊ ကောမတ်သြဘာ 50 kg တစ်အိတ်လျှင် ၈၀၀၀၀ကျပ် ၊ နဂါးမင်း ပင်တက်မွန် ( ဩဘာ ) 50kg တစ်အိတ်လျှင် ၉၂၀၀၀ ကျပ်တို့ဖြင့် ယခင်အ
ညောင်လေးပင်မြို့နယ်၏ စပါးဈေးနှုန်းများအနေဖြင့် စက်တင်ဘာလ ပထမပတ်တွင် မိုးစပါး ပေါင် (၄၆) တင်း ၁၀၀ လျှင် ၁၁၂၀၀၀၀ကျပ် ဖြစ်ပြီး၊ ဆန် တစ်အိတ် ထိပ်စလျှင် ၄၆၀၀၀ ကျပ်၊ ဆန် အလတ်တစ်အိတ်လျှင် ၄၅၀၀၀ကျပ်၊ ဆန်ကွဲကြီး တစ်အိတ် လျှင် ၃၅၀၀၀ကျပ် ၊ ဖွဲနု တစ်အိတ်လျှင် ၂၁၀၀၀ကျပ် ဖြင့် အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။