ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီးသည် ဧပြီလ နောက်ဆုံးပတ်၌ စပါး/ဆန်ဈေးနှုန်းများမှာ ဆန်ပိုဒေသများ ဖြစ်သော ရွှေဘိုခရိုင်၊ ကလေးခရိုင်တို့တွင် ဈေးတန့်နေပြီး၊ ကသာခရိုင်နှင့် မုံရွာခရိုင်တို့တွင် အနည်း ငယ်မြင့်တက်နေပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ယခင် အပတ်က ရန်ကုန်သို့အိတ်ရေ ၃၇၀၀၀၊ မန္တလေးသို့အိတ်ရေ ၄၉၆၀၀၊ မကွေးသို့အိတ်ရေ ၁၀၀၀၊ နေပြည် တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ စုစုပေါင်း အိတ်ရေ(၁၀၈
ကသာခရိုင်ရှိ သကြားစက်များ ၂၀၂၂-ခုနှစ် မေလနောက်ဆုံးပတ်၌ ကြံရာသီ ပိတ်သိမ်းမည်ဖြစ်ပြီး ယခုနှစ် ကြံရာသီတွင် ဂရိတ်ဝေါဝေမာကုမ္ပဏီ သကြားစက်မှ ကြံတန်ချိန် ၅၈၀၀၀၀ ကျော်၊ မြတောင်သားသကြားစက်မှ ကြံတန်ချိန် ၂၅၀၀၀ ကျော်နှင့် UTP သကြားစက်မှ ကြံတန်ချိန် ၃၀၀၀၀ ခန့် ကြိတ်နိုင်ခဲ့သည့်အတွက် စုစုပေါင်း ကြံတန်ချိန် ၆၃၀၀၀၀ ကျော် ကြိတ်နိုင်ခဲ့သည်။ သကြားထုတ်လုပ်နိုင်မှုအနေဖြင့် ကြံဆယ်တန်ကြိတ်ပါက သကြားကုန်ချော တစ်တန်နှုန်း ထွက်ရှိ သည့်အတွက် သကြားတန်ချိန် ၆၃၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဧပြီလ နောက်ဆုံးပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ အနည်းငယ် တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဧပြီလ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၈၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၆၂၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၅၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၃၀၀၊ စုစုပေါင်းအိတ်ရေ ၁၄၁၉၀၀၊ တန်အားဖြင့် ၇၀၉၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေ
ကယားပြည်နယ်တွင်ဆန်စပါးကို အဓိကစိုက်ပျိုးကြပြီး ပြည်နယ်တွင်းစိုက်ပျိုးသော စပါးများကို ဒေသတွင်းကြိတ်ခွဲကာ စားသုံးမှုမှာအနည်းငယ်သာရှိပြီး အများအားဖြင့် မန္တလေးသို့အဓိကတင်ပို့နေကြသော်လည်း ယခုဧပြီလတွင် ကယားပြည်နယ်မှ အခြားဒေသသို့ ဆန်တင်ပို့မှုလျော့နည်းလာခြင်း၊ အခြားဒေသမှ ပြည်နယ်တွင်းသို့ ဆန်တင်သွင်းမှုလျှော့နည်းလာခြင်းတို့ကြောင့် ပြည်နယ်တွင်းထွက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေရင်အေး(၁)တစ်အိတ်လျှင်(၄၄၀၀၀)ကျပ်၊ ရွှေရင် အေး(၂) တစ်အိတ်လျှင် (၄၀၀၀၀)ကျပ်နှင့် တရုတ်မွှေးတစ်
ကယားပြည်နယ်တွင် ကုန်စည်စီးဆင်းမှု ပြန်လည်အသက်ဝင်လာပြီး ဆောက်လုပ် ရေးပစ္စည်းဖြစ်သည့် ဘိလပ်မြေများ ပြည်နယ်တွင်းသို့ နေ့စဉ်နှင့်အမျှတင်သွင်းလာလျှက်ရှိကြောင်း မြို့ဦးဂိတ်စာရင်းများအရသိရှိရပါတယ်။ ယခု ဧပြီလ တတိယပတ်အတွင်း ဘိလပ်မြေ ဈေးနှုန်းများမှာ ကမ္ဘောဇ ဘိလပ်မြေတစ်အိတ်လျှင် (၈၀၀၀)ကျပ်၊ အာပါချီ ဘိလပ်မြေတစ်အိတ်လျှင် (၈၁၀၀)ကျပ်နှင့် နဂါးဘိလပ်မြေတစ်အိတ်လျှင် (၈၁၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင် ဧပြီလ ဒုတိယပတ်တွင် ကမ္ဘောဇဘိ လပ်မြေတစ်အိတ်လျှင်(၈၁၀၀)ကျပ်၊ အာပါချီ ဘိလပ်မြေတစ်အိ