Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
03 Jun 2025

     မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ စိန်တစ်လုံးသရက်သီးကို မင်းဘူးမြို့ပေါ်နှင့် မြို့ပတ်ဝန်းကျင်ကျေးရွာရှိ သရက်ခြံများမှ ၂၀၂၅ခုနှစ်၊ ဧပြီလ(စတုတ္ထပတ်)မှစတင်၍ ထွက်ပေါ် လျက်ရှိရာ မေလ(စတုတ္ထပတ်)တွင် လှိုင်လှိုင်ထွက်ရှိပြီး မြို့မဈေးအတွင်းသို့ ဝင်ရောက်မှုများလျက်ရှိကြောင်း သိရသည်။

03 Jun 2025

   မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်အတွင်းရှိ ဆီရောင်းချသည့်ဆိုင်များတွင်    စားသုံး သူများအတွက်ဖြန့်ဝေသည့်စားအုန်းဆီများအား   သတ်မှတ်ရည်ညွှန်းစျေး  အတိုင်းရောင်းချမှုရှိ/မရှိ   နှင့်အိမ်ထောင်စုတစ်စုအတွက် တစ်လလျှင်  ၂ ပိဿာနှုန်းရောင်းချမှုရှိ/မရှိ အခြေအနေများနှင့် ပတ် သက်၍  ၂၀.၅.၂၀၂၅  ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါ တယ်။

03 Jun 2025

   မန္တလေးစျေးကွက်အတွင်းသို့ ၂၀၂၅ ခုနှစ် မေလနောက်ဆုံးပတ်အတွင်း  ပြင်ဦးလွင်ဒေသ ထွက်တောင်ပို့မှိုများ ဝင်ရောက်မှုများပြားပြီးအရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေး စျေးကွက်အတွင်း မိုးရာသီချိန်တွင် ရရှိသည့် ပြင်ဦးလွင်ဒေသထွက်တောင်ပို့မှိုများမှာ အခြားမှိုများ ထက်ပိုမိုအရောင်းသွက်လျက်ရှိပြီး၊စျေးကွက်အတွင်း ငွေနှင်းမှုံမှို၊ကောက်ရိုးမှို၊အပ်မှို၊မှိုကြက်တောင်၊ ရှီတာကီမှို၊ ဝါးမှိုများလည်း တွေ့ရှိရကြောင်း သိရပါ

03 Jun 2025

    လိမ္မော်ပင်သည် အမြဲစိမ်းသော အပင်အမျိုးအစားဖြစ်သည်။ လိမ္မော်သီးတွင် အခွံမှာ အနီရောင် ၊လိမ္မော်ရောင်နှင့် လိမ္မော်ရောင်ရင့်ရင့် အရောင်များကို ပိုင်ဆိုင်ထားပြီး အမျိုးအစားအ နေဖြင့် ပျားလိမ္မော်၊ ဖျော်ရည်သီး၊ အကြီးမျိုး(လိမ္မော်သီး)၊အသေးမျိုး(လိမ္မော်သီး)  များရှိပါသည်။ မြန်မာနိုင်ငံတွင်းလူကြိုက်များသောအသီးမှာ ချိုဓာတ်ပါဝင်မှု များပြားသည့်ပျားလိမ္မော်သီးများ ဖြစ်သည်။ လက်ရှိမန္တလေးမြို့တွင်းရောင်းချနေသော အသီးများမှာရှမ်းပြည်နယ်၊တောင်ကြီး၊ ပြင်ဦးလွင်၊နောင်ချို ဘက်တို့မှ အဓိကဝ

03 Jun 2025

             ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Hun Manet က ဘိလပ်မြေတင်သွင်းသည့်နိုင်ငံအဖြစ်မှ တင်ပို့သူအဖြစ်အသွင်ကူးပြောင်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ မေလ ၂၀ ရက်နေ့က Kampong Speu ပြည်နယ်တွင်ကျင်းပခဲ့သည့် Conch KT Cement (Phnom Penh) Co., Ltd ၏ ဘိလပ်မြေစက်ရုံသစ်ဖွင့်ပွဲတွင် ဝန်ကြီးချုပ်က ၂၀၀၇ ခုနှစ်မတိုင်မီက ကမ္ဘောဒီးယားသည် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့ထံမှ ဘိလပ်မြေတင်သွင်းမှုအပေါ် လုံးဝမီခိုခဲ့ရသော်လည်း ယခုအခါနိုင်ငံသည် ပြည်တွင်းဝယ်လိ

Pages