ကုန်သွယ်မှုသတင်းများ
တောင်တွင်းကြီးကုန်စည်ဒိုင်ဖွင့်ပွဲကို (၈.၂.၂၀၂၀)နေ့တွင် တောင်တွင်းကြီးမြို ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပခဲ့ရာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိန်း၊ တိုင်းအဆင့် ဌာနဆိုင်ရာများဖြစ်သော မကွေးတိုင်း ဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန၊ စက်မှုကြီ

မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများနှင့် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတို့ကို ဆောင်ရွက်လျှက်ရှိပြီး အသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်လျှက်ရှိရာ ၁၁.၂.၂၀၂၀ ရက်နေ့တွင် မော်လမြိုင်မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ မုန့်မျိုးစုံလုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များစုစည်း၍ အစုအဖွဲ့ ဖွဲ့စည်းခြင်းကို မွန်ပြည်နယ်စားသုံး သူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်အတွင်း ဒေသထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ချိတ်ဆက်မှု ဆောင်ရွက်နိုင်ရေးအတွက် မော်လမြိုင်ကုန်စည်ဒိုင်ကို ၂၁.၁.၂၀၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ဖွင့်လှစ်ပြီးခဲ့သည့်ကုန်စည်ဒိုင်၏ လုပ်ငန်းဆောင်ရွက်မှုပိုမိုကောင်းမွန်စေရန်၊ ကုန်စည်ဒိုင်သီးနှံပေါက်ဈေးနှုန်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်နိုင်ရန်၊ ဒေသထွက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်၊ ကုန်စည်စီးဆင်းမှု သတင်းအချက်အလက်များကို ထုတ်ပြန်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၅.၂.၂၀၂၀ ရက်နေ့က မွန်ပြည်နယ် စားသုံး

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့နယ်များရှိ ကျေးရွာများတွင် စတော်ဘယ်ရီခြံများမှ စတော်ဘယ်ရီသီးများ စတင်ထွက်ရှိနေပြီး ဈေးကောင်းရနေတယ် လို့သိရပါတယ်။

ပြည်တွင်းလက်လီဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာခဲ့ရာ သိုလှောင်ဈေးကစားမှုများအား တားဆီးနိုင်ရန်အတွက် ကုန်သည်များလက်ဝယ်၌ သိုလှောင်ထားရှိနိုင်မည့် ကြက်သွန်နီပမာဏအား ကန့်သတ်ခြင်းကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ပထမပတ်အတွင်း၌ အိန္ဒိယအစိုးရက ဆောင်ရွက်ခဲ့ပါသည်။ လက်လီရောင်းချသူများ၏ ကြက်သွန်နီလက်ဝယ်ထားရှိနိုင်မှုကို ၁၀ တန် မှ ၅ တန်သို့ လည်းကောင်း၊ လက်ကားရောင်းချသူများ၏ သိုလှောင်နိုင်မှုကို တန် ၅၀ မှ ၂၅ တန် သို့လည်းကောင်း လျော့ချသတ်မှတ်ခဲ့သည်။ သို့ရာတွင် ဈေးနှ
