ကုန်သွယ်မှုသတင်းများ
သရက်သီးသည်အပူပိုင်းဒေသ၏အနံ့အရာသာနှင့်ပြည့်စုံသော အသီးတစ်မျိုး ဖြစ်သည်။သရက်ပင်၏ မူရင်းပေါက်ရာဒေသသည်အိန္ဒိယနိုင်ငံအရှေ့ပိုင်း အာသံ ပြည်နယ်နှင့်မြန်မာနိုင်ငံတို့ဖြစ်ပါသည်။သရက်ပင်တစ်ပင်လျှင်အမြင့်ပေ၁၁၅ပေမှ၁၃၁ပေအထိရှိပါသည်။ သရက်ပင်သည်နှစ်ရှည်အပင်တစ်မျိုးဖြစ်ပါသည်။ သရက်ပင်၏အရွက် သည်နုစဉ်အခါပန်းနုရောင်သန်းပြီး အနီရောင်သန်းပြီး နောက်ပိုင်းတွင်အစိမ်းရောင်သို့ပြောင်း လဲသွားပါသည်။သရက်ပင်မျိုးပေါင်း၄၀၀ကျော် ရှိပြီများစုမှာနွေရာသီတွင်သီးသီး ကျပါသည်။အချို့မှာတစ်နှစ်လျှင်၂ကြိမ်အသီးသီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေလတွင် ရှမ်းပြည်နယ် (အောင်ပန်း)၊ တောင်ကြီးမြို့မှတဆင့် ဝင်ရောက်လာသည့် ပန်းဂေါ်ဖီထုပ်များ အရောင်းအဝယ် ကောင်းနေကြောင်း ကျိုင်းတုံမြို့မဈေး၌ ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။ ဒေသထွက် ပန်းဂေါ် ဖီထုပ်ကို ရေလုံလောက်စွာရရှိပါက နွေ၊ မိုး၊ ဆောင်း ရာသီမရွေးစိုက်ပျိုးနိုင်ပါသည်။ ပန်းဂေါ်ဖီထုပ်ကို ကျိုင်းတုံမြို့နယ်တွင် ဆောင်းရာသီ၌သာ အများဆုံးစိုက်ပျိုးပြီး နွေရာသီတွင် အနည်းငယ်သာ စိုက်ပျိုးပါသည်။ ကျိုင်းတုံမြို့နယ

“သစ်ပင်စိုက်ပါတို့ကမ္ဘာ သာယာလှပစိမ်းမြမြ” ဆိုသည့်အတိုင်း ကမ္ဘာမြေကြီးကိုအလှဆင် ထားသည်မှာ သစ်ပင်ပန်းပင်များဖြစ်ပါသည်။လူနှင့်သတ္တဝါတို့အသက်ရှင်သန်နေထိုင်ရန်အတွက် အဓိကလိုအပ်သော အောက်ဆီဂျင်ကို သစ်ပင်ပန်းပင်များက ထုတ်လွှတ်ပေးနိုင်သလို လူနှင့် သတ္တဝါတို့ ပြန်လည်ရှူထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် စက်ရုံအလုပ်ရုံများမှ ထွက်သော ဓာတ်ငွေ့များကို စုပ်ယူရန်အတွက် သစ်ပင်ပန်းပင်များစိုက်ပျိုးရန် လိုအပ်ပါ သည်။ အသက်ရှည်လိုလျှင် သစ်ပင်စိုက်ပါ။ သစ်ပင်ဟုဆိုရာဝယ် အရိပ်ရပင်၊ ပန်းပင်နှင့
သရက်သီးများ လှိုင်လှိုင်ပေါ်သည့်ရာသီဖြစ်သည့်အတွက် မန္တလေးသစ်သီးဈေးကွက်သို့ ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သား၊မတ္တရာ၊ပုသိမ်ကြီးနယ်များမှ စိန်တစ်လုံးသရက်သီးများ၊ ဟင်္သာ၊ ရင်ကွဲ၊ပတ္တမြားငမောက်သရက်သီးများနေ့စဉ်ဝင်ရောက်လျှက်ရှိပြီးအရောင်းသွက်လျှက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့တွင်းရှိ ဈေးများ၊ လမ်းဘေးသစ်သီး ဆိုင်များ၊ လက်တွန်းလှည်းဖြင့် လှည့်လည်ရောင်းချသည့် ဈေးသည်များတွင် သရက်သီးအရွယ်အစားပေါ် မူတည်၍ စိန်တစ်လုံး သရက်သီး (၁)လုံးလျှင် ကျပ် ၃၀၀/၅၀၀/၇၀၀/၈၀၀ နှင့် အရွယ်အစားကြီးလျှင် (၁)လုံးလျှင်
မိတ္ထီလာဈေးကွက်တွင် မေလတတိယပတ်၌ ဘိလပ်မြေဈေးငြိမ်နေသော်လည်း ပစ္စည်းလက်ကျန် နည်းကြောင်းသိရသည်။ မေလတတိယပတ် မိတ္ထီလာမြို့ပေါ်တွင် အရောင်းအဝယ်ဖြစ်သော ဘိလပ် မြေအမျိုးအစားများမှာ အပါချီဘိလပ်မြေတံဆိပ်ကို အနည်းငယ်တွေ့ရပြီး၊ ကြံ့နှစ်ကောင်၊ ရှမ်းရိုးမ တံဆိပ်ဘိလပ်မြေများမှာ လက်ကျန်မရှိသလောက်ပင်ဖြစ်သည်။ အရောင်းအဝယ်ဖြစ်သော အပါချီမှာ တစ်အိတ်လျှင် (၂၂၅၀၀) ကျပ်ဈေးရှိပြီး၊ ဈေးကွက်အတွင်းလက်ကျန်နည်းနေကြောင်းသိရသည်။ ဈေးကွက်သို့ ဘိလပ်မြေဝင်ရောက်မှုမှာ အရောင်းဆိုင်များသို့ နှစ်ပတ်သုံးပတ်တစ်ကြိ