ကုန်သွယ်မှုသတင်းများ
စာသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးဦးဆောင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဒု-ခရိုင်ဦးစီးမှူးတို့သည် ၂၆.၁.၂၀၂၂ရက်နေ့တွင် မုံရွာမြို့နယ်၊ ရွာတုံရပ်ရှိ စစ်ကိုင်းတိုင်းဒေသကြီး မုန့်လုပ်ငန်းရှင်များအသင်းမှ ဦးစီးတည်ထောင်သည့် မုန့်လုပ်ငန်းဇုန်သို့သွားရောက်၍ အသင်း၏ ဒုတိယဥက္ကဌနှင့်တွေ့ဆုံ၍ မုန့်လုပ်ငန်းဇုန်နှင့်သက်ဆိုင်သော အချက်အလက်များအား တွေ့ဆုံမေးမြန်းရာ ဒုတိယဥက္ကဌက မိမိတို့၏ မုန့်လုပ်ငန်းဇုန်ကို ၂၀၁၈-၂၀၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဆောင်ရွက်နိုင်ရန်အတွက် တာဝန်ရှိသူများ Online မှဆွေးနွေးခဲ့ပြီးနောက် လွယ်ဂျယ်နယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပါသည်။ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုကြောင့် တရုတ်နိုင်ငံဘက်ခြမ်းတွင် ပိတ်မိနေသော မြန်မာနိုင်ငံသားပိုင် ကုန်တင်ယာဉ်အစီးရေ(၃၆၀)ကျော်ကို ၂၅.၁.၂၀၂၂ရက်နေ့တွင် မြန်မာနိုင်ငံဘက်သို့ ပြန်လည် ထွက်ခွာခွင့်ပြုခဲ့သဖြင့် ၎င်းကုန်တင်ယာဉ်များကို တရုတ်ယာဉ်မောင်းများမှ လွယ်ဂျယ်မြို့အထိလာ

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့မှ ဇန်နဝါရီလ (၂၆)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါသည်။ ထိုသို့ ဝင်ရောက်ရာတွင် ယခုရက်သတ္တပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် စပါး ဈေးနှုန်းများတည်ငြိမ်နေပြီး ဆန်ဈေးနှုန်းမှာ အနည်းငယ် မြင့်တက်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇန်နဝါရီလ တတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၅၀၀၊ ပခုက္ကူသို့ အိတ်ရေ ၅၀၀၊ စုစုပေါင်းအိတ်ရေ ၈၈၅၀၀၊ တန်အားဖြင့် ၄၄၂၅တန် စီးထွက်ခဲ့ ပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်အတွင်းရှိ ဘိလပ်မြေဈေးနှုန်းနှင့် ဓါတ်မြေဩဇာ ဈေးနှုန်းများကို စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် နေ့စဉ်ဈေးနှုန်းကောက်ယူလျက်ရှိပြီး ထိုသို့ ကောက်ယူရာတွင် ဘိလပ်မြေဈေးနှုန်းအား အင်းစိန်မြို့နယ်၊ လမ်းသစ်လမ်းရှိ Pro-1 အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်တွင် စုံစမ်းကောက်ယူ၍ ဓါတ်မြေဩဇာဈေးနှုန်းကို တိုက်ကြီးမြို့နယ်၊ တစ်သုံးလုံးစိုက်ပျိုးရေးအရောင်းဆိုင်တွင် စုံစမ်းမေးမြန်းခဲ့ရပါတယ်။
