ကုန်သွယ်မှုသတင်းများ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ မေလ ပထမပတ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနပေါင်းစုံ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်ရှိ ကျေးရွာအချို့တွင် နွေစပါးများ စတင်ရိတ်သိမ်းနေပြီး စိုက်ဧက (၃၁၅၀) ဧကရှိကြောင်း၊ ဇီးကုန်းမြို့နယ်အနေဖြင့် ဇီးကုန်းမြို့နယ် ဘုရားကြီးအုပ်စု၊ ဆိတ်ဖူးကျင်းအုပ်စု၊ ကံကြီးကျေးရွာအနီးတဝ

ဈေးကွက်တွင် လူကြိုက်များလာသည့် စပျစ်စိုက်ပျိုးခြင်းကို မကွေးတိုင်းဒေသကြီးအတွင်း နတ်မောက်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျှက်ရှိပြီး နတ်မောက်မြို့နှင့်(၂)မိုင်ခန့် ဝေးကွာသည့် အနောက်လက္ခုပ္ပင်ကျေးရွာတွင်လည်း စပျစ်စိုက်ပျိုးလာကြရာ နတ်မောက်မြို့ပေါ်သို့ ဈေးကွက် တင်ပို့ဖြန့်ဖြူးရောင်းချလျက်ကြောင်း ၊ မိသားစုဝင်ငွေရရှိနေကြောင်း သိရှိပါသည်။
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံဒေါ်ဌေးဌေးဝင်းသည် ၂၇.၅.၂၀၂၂ ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အတွင်းရှိ သာစည်ကျေးရွာသည် စလင်း၊ မင်းဘူးကားလမ်းဘေး မုန်းချောင်းတံတား၏ အနောက်ဘက် မင်းဘူးမှစလင်းသို့ သွားရာလမ်းတွင် တည်ရှိပြီး ရွာသူ၊ ရွာသားများသည် မုန်းချောင်းရေဖြင့် သီးနှံမျိုးစုံစိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုကြပြီး ဝင်ငွေများတိုးပွားလျှက်ရှိကြောင်း သိရှိရပြီး မုန်းချောင်းနံဘေး သာစည်ကျေးရွာအတွင်းရှိ တောင်သူဦးမြတ်ချစ်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ထန်းသီးများ စတင်ပေါ်လာပြီဖြစ်ရာ ဈေးကောင်းရရှိလျက်ရှိကြောင်း ထန်းသီးတင်ပို့ရောင်းချနေသူများထံမှ သိရှိရပါသည်။ ထန်းသီးတစ်လုံး လျှင်(၈၀ကျပ်မှ၁၀၀ကျပ်အထိ) ထန်းသီးအလုံး အကြီး/အသေးမျှပြီးအခိုင်လိုက်ဈေးပေး၍ ရောင်းချရ ကြောင်း၊ တစ်နေ့လျှင် ထန်းသီးအခိုင် (၃၀၀)မှ အလုံးအရေအတွက်အားဖြင့် (၅၀၀၀) လုံးခန့် ရရှိပြီး ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။ဈေးကွက်တွင် ထန်းသီးတစ်လုံးလျှင်(၁၅၀/)ကျပ်ဖြင့် ရ

ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၈.၅.၂၀၂၂) ရက်နေ့တွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် ရည်ရွယ်၍ ယောကျ်ားကြီး ငါးငပိလုပ်ငန်းရှင်နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
