Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
15 Nov 2023

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ် တင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ ဒုတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ ဆက်သွယ်မေးမြန်းမှုအရ မြေပဲလုံးဆံ(နီ၊ဖြူ)များမှာ စက်တင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်

15 Nov 2023

   မလေးရှားနိုင်ငံ၌ စားအုန်းဆီကဏ္ဍတွင် မမျှော်လင့်ပဲရရှိသော အမြတ်အစွန်းများအပေါ် ကောက်ခံသည့်အခွန် (windfall profit levy) စည်းကြပ်ခြင်းကို အစိုးရအနေဖြင့် ပြန်လည် သုံးသပ်ပေးရန် စားအုန်းဆီအသင်းအဖွဲ့များက ၆-၁၁-၂၀၂၃ ရက်၊ တနင်္လာနေ့တွင် တောင်းဆိုခဲ့ကြသည်။

15 Nov 2023

    စီးပွား‌‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြေခံစားကုန်ဈေးနှုန်းများကို အပတ်စဉ် မေးမြန်းတင်ပြလျက်ရှိရာ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်တွင် ရွှေဘိုမြို့၌ စားသုံးဆီဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း စားသုံးဆီအရောင်းဆိုင်များမှသိရသည်။

15 Nov 2023

   ၂၀၂၃-၂၀၂၄ ခုနှစ် ကြံရာသီအတွင်း တရုတ်-လာအို နှစ်နိုင်ငံအကြား ကြံသီးနှံကို နယ်စပ်ဖြတ်ကျော်သယ်ယူမှု စတင်သည့်အနေဖြင့် ယူနန်ပြည်နယ်၊ Xishuangbanna Dai ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ Mengman ကုန်းတွင်းဆိပ်ကမ်းမှတစ်ဆင့်  ကြံကုန်တင်ယာဉ်များ တရုတ် နိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း China Daily သတင်းစာတွင် ဖော်ပြထားသည်။

15 Nov 2023

    တရုတ်၊ အမေရိကန်၊ ဩစတြေးလျနှင့် အိန္ဒိယတို့တွင် ဝါဂွမ်းအထွက်ပမာဏ ကျဆင်းခဲ့ ခြင်းကြောင့် ၂ဝ၂၃ ခုနှစ်အောက်တိုဘာလမှ ၂ဝ၂၄ ခုနှစ် စက်တင်ဘာလအထိ ရာသီကာလ အတွင်း ကမ္ဘာ့ဝါဂွမ်းထုတ်လုပ်မှုမှာ ဘေထုပ်ရေ ၅ သန်း (၂၁၇.၇ ကီလိုဂရမ်ဝင်) လျော့နည်းနိုင် ကြောင်း သိရှိရပါသည်။ ဝါဂွမ်းဈေးနှုန်းမှာ လက်ရှိ သုံးလပတ်ကာလတွင် ကျဆင်းဖွယ်ရှိသော် လည်း ၂ဝ၂၄ ခုနှစ် ဒုတိယသုံးလပတ်မှ စတင်၍ ဈေးနှုန်းများ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုကြသည်။

Pages