ကုန်သွယ်မှုသတင်းများ
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင်သဘာဝရာဘာ အစေးတင်ပို့မှုမှ ဝင်ငွေအမေရိကန် ဒေါ်လာ ၆၆၆.၂ သန်းရရှိခဲ့ပြီး ယခင်နှစ်က ရရှိခဲ့သော အမေရိကန်ဒေါ်လာ ၄၉၂ သန်းထက် ၃၅.၄ ရာခိုင်နှုန်းတိုးလာကြောင်း ကမ္ဘောဒီးယားရာဘာညွှန်ကြားရေးမှူးဦးစီးဌာနက ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။ ရာဘာစေးတစ်တန်သည် ပျမ်းမျှအားဖြင့် ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁၉၇၁ ရှိပြီး ၂၀၂၃ ခုနှစ်ကထက် ၆၃၄ ဒေါ်လာခန့်ပိုများကြောင်းရာဘာညွှန်ကြား ရေးမှူးဦးစီးဌာန ယာယီညွှန်ကြားရေးမှူးချုပ် Khun Kakada <

ပါကစ္စတန်နိုင်ငံ၏ ဘိလပ်မြေတင်ပို့မှုသည် ၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်နှင့်နှိုင်းယှဥ် ပါက ၂၀၂၅ ဘဏ္ဍာရေးနှစ်ပထမနှစ်ဝက်(ဇူလိုင်၂၀၂၄-ဇွန်၂၀၂၅) တွင် ၂၃.၂၁ ရာခိုင်နှုန်းတိုးတက်ခဲ့ ကြောင်းပါကစ္စတန်နိုင်ငံစာရင်းအင်းဗျူရို (PBS) ၏ ဇန်နဝါရီ ၂၂ ရက်နေ့ထုတ်ပြန်ချက်အရသိရ သည်။

မြန်မာနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်းပဲမျိုးစုံတန်ချိန် ၁.၅ သန်း ကျော် တင်ပို့ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ Global News Light Of Myanmar မှဇန်နဝါရီ ၂၂ ရက်နေ့ က ဖော်ပြချက်အရသိရသည်။

တရုတ်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်သူ BYD သည် အင်ဒိုနီးရှားနိုင်ငံ၏ အဆင့်မြင့် မော်တော်ကားစျေးကွက်တွင် ၎င်း၏ တည်ရှိမှုကို ချဲ့ထွင်ရန်အတွက် ၎င်း၏ ပရီမီယံအမှတ်တံဆိပ် DENZA ကို ဇန်နဝါရီလ ၁ ရက်နေ့တွင် မိတ်ဆက်ခဲ့သည်။ “ဒီနှစ်မှာ BYD ဟာ အင်ဒိုနီးရှားနိုင်ငံကို မော်ဒယ်အသစ်တွေ ထပ်ပြီး ယူဆောင်လာမှာပါ” ဟု BYD အာရှ-ပစိဖိတ် မော်တော်ယာဥ်အရောင်း ဌာနခွဲ၏ အထွေထွေမန်နေဂျာ Liu Xueliang က ဂျကာတာတွင် မိတ်ဆက်ပွဲအတ

အစ္စရေးနိုင်ငံ၏ စိန်ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် သိသိသာသာ ကျဆင်းခဲ့ကြောင်း နိုင်ငံ၏ စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။ အစ္စရေး၏ စိန်ရိုင်းတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းအမေရိကန်ဒေါ်လာ ၆၃၄.၉ သန်းရှိပြီး ယခင်နှစ်ကထက် ၂၄.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စိန်ချောတင်ပို့မှုမှာ ၃၅.၇ ရာခိုင်နှုန်းမှ ၁.၈၇ ဘီလီယံဒေါ်လာသို့ ကျဆင်းသွားခဲ့သည်။ အစ္စရေး၏ စိန်ရိုင်းတင်သွင်းမှုသည် တစ်နှစ်ထက် တစ်နှစ် ၁၃.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပ
