ကုန်သွယ်မှုသတင်းများ
စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ပြည်တွင်းဌာနခွဲဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊နံနက်( ၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့နယ်၊ ပေါ့ထော်ကျေးရွာအုပ်စု၊ အိမ်တိုင်ကုန်း ၁၀ အိမ်စုကျေးရွာရှိ ပဲပုပ်စိုက်ခင်းများသို့ ကွင်းဆင်း၍ သီးနှံများ တွက်ခြေကိုက်မှု ရှိ/မရှိ အခြေအနေများကို တောင်သူများနှင့် တွေ့ဆုံမေးမြန်းလေ့လာခဲ့ကြသည်။
မန္တလေးမြို့တွင် ယခုလိုဆောင်းရာသီကာလတွင် ဗမာခရမ်းချဉ်သီးသည် စားသုံးသူများ ကြိုက်နှစ်သက်သည့် ဟင်းအမယ်တစ်မျိုးဖြစ်ပါသည်။ ဗမာခရမ်းချဉ်သီးကို မန္တလေးနှင့်အနီးတဝိုက်မှထွက်ရှိသော ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ စစ်ကိုင်း၊ မတ္တရာ၊ အမရပူရမှထွက်ရှိ သောသီးနှံများကို မန္တလေးမြို့ပေါ်သို့ တောင်သူများတိုက်ရိုက်ရောင်းချခြင်း၊ နယ်ကုန်သည်များမှ တင်ပို့ရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးနှုန်းဈေးကွက်အနေနှင့် ကျောက်ဆည်၊ မြစ်သား၊ တံတားဦးနယ်များမှ ထွက်ရှိသောဗမာသီးများကို


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးသီးနှံကိုလည်း ရာသီမရွေးစိုက်ပျိုးကြပြီး တစ်နှစ်ပတ် လုံးစိုက်ပျိုးကြပါသည်။ ကျောက်ဆည်မြို့နယ်အတွင်း အင်ရောင်း၊ ကျောင်းကုန်းနှင့် ငါးမြွေကုန်း ကျေးရွာများတွင် အလုံးသေး(မြုပ်)ခရမ်းနှင့် (555)ခရမ်းမျိုး(အလုံးကြီး)ကိုအများဆုံးစိုက်ပျိုးကြပါသည်။ စတင်စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး တစ်လခွဲသားအရွယ်တွင် စတင်စိုက်ပျိုးရကြောင်း၊ နှစ်လခွဲကျ
