ပြည်တွင်းကုန်သွယ်မှုသတင်းများ
မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်းသိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိ ပါသည်။
မုံရွာမြို့၊ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊ စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက် ရှိကြောင်း သိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ဘွဲ့ကျေးရွာအုပ်စုရှိ ညှင်းသွန်း၊ ကွန်းသွန်း၊ ဘွဲ့၊ ဇီးတော၊ မင်းဂံ စသည့်ကျေးရွာများ၌ စပါး၊ ကြက်သွန်နီ၊ ကုလားပဲ၊ ဝါ၊ နှမ်း၊ ပဲကြီး၊ မြေပဲနှင့် စားဖိုဆောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြပြီး ဇီးတောကျေးရွာတွင် ပဲနက်စေ့ (ခေါ်) မောင်မခေါ်ပဲစိုက်တောင်သူများဈေးကောင်းရရ

သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ၂၀၂၄ခုနှစ်၊ မတ်လ နောက်ဆုံးပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အကျဘက်သို့ဦးတည်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်/မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၇၅၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၁၀၀) အိတ်ခန့်၊ စုစုပေါင်း(၅၈၅၀) အိတ်ခန့်၊ တ

မွန်ပြည်နယ်တွင် မတ်လမှစ၍ ပိန္နဲသီးများစတင်ထွက်ပေါ်နေပြီး အဝယ်လိုက်ကာ အရောင်းအဝယ်ကောင်း၍ ယခင်နှစ်ထက် ဈေးကောင်းရရှိနေကြောင်းသိရသည်။ ရာသီပေါ်ပိန္နဲသီးများကို အလုံးလိုက်ဈေးဖြင့်ရောင်းချနေသည့်အပြင် ကီလိုဖြင့်လည်းရောင်းချလျက်ရှိသည်။ အရွယ်အစားပေါ်မူတည်ပြီး တစ်လုံးလျှင် အနည်းဆုံး ကျပ်၂၅၀၀မှ အများဆုံး ကျပ်၁၂၀၀၀ထိ ဈေးနှုန်းအသီးသီ
