ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးအတွင်း ရောင်းချလျက်ရှိသော ကြက်သွန်နီဈေးနှုန်းများမှာ အောက်တိုဘာလဒုတိယပတ်မှ အောက်တိုဘာလနောက်ဆုံးပတ်အထိ ကြက်သွန်နီ(အကြီး) လက်လီဈေးနှုန်း တစ်ပိဿာလျှင် (၂၅၀၀/ ၂၈၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ရှိနေခဲ့သော်လည်း နိုဝင်ဘာလဆန်းမှစတင်ပြီး ကြက်သွန်နီ ဈေးနှ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိကအစားအစာသည် ဖွဲနုများဖြစ်သည်။ သာယာဝတီခရိုင်အတွင်းရှိဆန်စက်များကြိတ်ခွဲထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိကြောင်းနှင့် အခြားသောတိုင်းနှင့် ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ စည်ပင်သာယာဈေးတွင်းရှိသော ချင်းဈေးနှုန်းများမှာ အောက်တိုဘာလနောက်ဆုံးပတ်တွင် ချင်း (၁၀)ကျပ်သားလျှင် ၁၀၀၀ ကျပ်ရှိခဲ့ပြီး နိုဝင်ဘာလနောက်ဆုံးပတ်တွင်လည်း ၁၀၀၀ ကျပ်ရှိနေပါသည်။ ချင်းဈေးနှုန်းများအတက်အကျမရှိ ယခင်လဈေးနှုန်းအတိုင်းဈေးငြိမ်နေကြောင်းသိရသည်။
တောင်ငူမြို့နယ် ကျွန်းကုန်းကျေးရွာအုပ်စု ချင်းကုန်းကျေးရွာတွင် ဒေသကြက်မွေးမြူရေးလုပ်ငန်းမှ ဒေသကြက် အကောင် ၁၂၀၀ ကို မွေးမြူထားကြောင်းသိရသည်။ ကြက်မများကို ဥနှုန်းကျချိန်တွင် ထုတ်ရောင်းပြီး ကြက်ဖများကိုမူ မွေးမြူပြီး ၃ လအကြာတွင် ထုတ်ရောင်းရကြောင်းသိရသည်။
တောင်ငူမြို့နယ် ကျွန်းကုန်းကျေးရွာရှိ ကောင်းအကြော်စုံလုပ်ငန်းသည် ပဲဖူးကြော်၊ စားတော်ပဲကြော်၊ ကြက်သွန်ကြော်၊ ငရုတ်သီးကြော်များကိုထုတ်လုပ်သည့် တပိုင်တနိုင်ကုန်ထုတ်လုပ်ငန်းဖြစ်ကြောင်းသိရသည်။