ပြည်တွင်းကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် သစ်သီးဝလံများကို မင်းဘူးမြို့၊ မကွေးမြို့၊ ပွင့်ဖြူမြို့၊ မန္တလေးမြို့၊ တောင်တွင်းကြီးမြို့၊ သရက်မြို့နှင့် အခြားမြို့များမှ မှာယူ၍ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြို့အနီးရှိကျေးရွာများမှ ထွက်ရှိသောဟင်းသီးဟင်းရွက်များအပါအဝင် မိကျောင်းရဲမြို့၊ တောင်တွင်းကြီးမြို့၊ သရက် မြို့၊ မင်းဘူးမြို့နှင့်မကွေးမြို့တို့မှ ကုန်စည်များကိုမှာယူ၍ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အတွင်းရှိ အေးကျေးရွာ၌ နေထိုင်ကြသော ဒေသခံ တောင်သူများသည် စပါးနှင့်ပဲတီစိမ်းကို အဓိကထားစိုက်ပျိုးကြကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့မစည်ပင်ဈေးအတွင်း ဆန်၊ ဆီ၊ ကြက်သွန်ဖြူ၊ အာလူး စသည့်ကုန်ပစ္စည်းခြောက်များကို ပြည်မြို့နှင့် ကြက်သွန်နီကိုမူ သရက်မြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။