ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူခရိုင်၊ ဖြူးမြို့၊ ထန်းကုန်းရပ်ကွက်မှ ခြင်္သေ့မင်းအမှတ်တံဆိပ် မြေပဲယိုသည် လူကြိုက်များသော ဒေသထွက်လက်ဆောင်တစ်ခုဖြစ်ပါသည်။ ၎င်းမြေပဲယိုလုပ်ငန်းသည် လွန်ခဲ့သော ၄၅နှစ်ခန့် ၁၉၇၈ခုနှစ်မှစတင်ခဲ့ပြီး ထိုစဉ်က ဖြူးဈေးအတွင်း အလေးချိန်ဖြင့်ရောင်းချရာမှ လက်ရှိကာလအထိ ထုပ်ပိုးမှုအဆင့်ဆင့်ဖြင့်ရောင်းချရင်း လူသိများ ဈေးကွက်ရှိနေသော

မိုးကျလာသည်နှင့်တစ်ပြိုင်နက် ဖလောင်တောင်ဝှေးအစို့ကလေးများထွက်ပေါ်လာပြီဖြစ်သည်။ ဖလောင်တောင်ဝှေးဆိုသည်နှင့် မိုးရာသီနှင့်လိုက်ဖက်သော ဟင်းလျာများအနက် တစ်ခု အပါအဝင်အဖြစ် သတ်မှတ်ထားကြလျက်ရှိသည်။ ဖလောင်တောင်ဝှေးသည် မြန်မာတို့ ထမင်းဝိုင်းတွင် ဟင်းကောင်းတစ်ခွက်အဖြစ်ပါဝင်ရုံသာမက ဆေးစွမ်းကောင်းတစ်လက်လည်းဖြစ်သည်။

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်ရအောင် ဆီထွက် သီးနှံ (နှမ်း၊ မြေပဲ၊ နေကြာ) တို့အား အဓိကစိုက်ပျိုးလျက်ရှိရာ မကွေးခရိုင်အတွင်းရှိ (မကွေး/ တောင်တွင်းကြီး/ နတ်မောက်နှင့် မြို့သစ်) မြို့နယ်များတွင် ဆီထွက်သီးနှံ (နှမ်းမျိုးစုံ)အား ဒေသ တွင်း စားသုံးဆီဖူလုံစေရေးတိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။

သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇွန်လ၏ ဒုတိယအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အတက်ဘက်သို့ ဦးတည်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၅၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၁၉၀၀) အိတ်ခန့်၊ စုစုပေါင်း(၅၄၀၀) အိတ်ခန့်၊ တန်ချိန်အားဖြင

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကုန်စည်ဒိုင်၏ ပဲမျိုးစုံဈေးနှုန်းအခြေအနေသည် ၂၀၂၄ခုနှစ်၊ လအလိုက်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအရ ဈေးနှုန်းအနိမ့်အမြင့် (အတက်အကျ) ဖြစ်ပေါ်ခဲ့သည်။ ယခုလ ဇွန်လနောက်ဆုံးပတ်၌ ပဲမျိုးစုံဈေးနှုန်းမြင့်တက်လာကြောင်း တွေ့ရသည်။
