ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်သည် အောင်လံမြို့နှင့် သရက်မြို့တို့မှ ထွက်ရှိသည့် သီးနှံများ နေ့စဉ်အရောင်းအဝယ်ပြုလုပ်သည့် ကုန်စည်ဒိုင်တစ်ခု ဖြစ်ပါသည်။
နှမ်းသီးနှံဈေးနှုန်း၊ ဈေးကွက်အခြေအနေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက် ရှိပြီး နှမ်းသီးနှံအနေဖြင့် (မိုး)နှမ်းနှင့် (ဆောင်း)နှမ်းကို နှစ်စဉ်စိုက်ဧက(၇၀၀၀)ခန့် စိုက်ပျိုးခဲ့ရာ ၂၀၂၄ ခုနှစ်တွင် နယ်မြေအခြေအနေနှင့် သီးနှံစိုက်ပျိုးဖြစ်ထွန်းမှုနည်း၍ စိုက်ဧက(၃၀၀၀)ခန့် လျော့နည်းစိုက်ပျိုးလာကြကြောင်း၊ နှမ်းနက်(စမု

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ဥစားကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မှုနည်းပါးခြင်းကြောင့် ဒေသတွင်း စားသုံးမှု မလုံလောက်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့တို့မှ ဝယ်ယူ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေသော ဘိလပ်မြေ ဈေးနှုန်းများမှာ ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၁၅၀၀)၊ အယ်လ်ဖာဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၁၅၀၀)၊ အပါချီဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၁၂၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
တောင်ငူခရိုင် ဖြူးမြို့တွင် မြေပဲဆံ(အဖြူ) (အနီ)မှာ ယခင်လက တစ်ပိဿာလျှင် ၈၅၀၀ ကျပ်ရှိရာမှ သြဂုတ်လနောက်ဆုံးအပတ်တွင် တစ်ပိဿာလျှင် ၁၂၅၀၀ ကျပ်ဖြင့် ဈေးနှုန်း ၄၀၀၀ ကျပ်တက်ကြောင်းသိရှိရပါသည်။
