ပြည်တွင်းကုန်သွယ်မှုသတင်းများ
ယခုလို မိုးဦးကာလတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ရာသီပေါ်အစားအစာ တစ်မျိုးဖြစ်သည့် အင်ဥများ စတင်ထွက်ရှိနေပြီဖြစ်ပါတယ်။ အင်ဥလို့ ဆိုသည့်အတိုင်း အင်ပင်၏ အမြစ်များရှိရာ မြေပေါ်တွင် ပေါက်ရောက်ပြီး မှိုအမျိုးအစားတွင်ပါဝင်သည့်အတွက် မှိုဥလို့လည်း ခေါ်ကြပြန်ပါသေးတယ်။ ရှာဖွေသူများသည် အင်ဥနုနုလေးတွေ များများရဖို့အတွက် မိုးလေဝသ အခြေအနေ

ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်ရှိတဲ့ အင်းသီး ခေါ် အင်းလေးကန် ကျွန်းမျောပေါ်မှာအဓိက စိုက်ပျိုးတဲ့ ခရမ်းချဉ်တွေဟာ အရင်နှစ်ကထက် ဈေးကောင်းရနေပေမဲ့ စိုက်ပျိုးစရိတ်နဲ့ စိုက်တဲ့တောင်သူ နည်းပါးလာပြီး၊ ကျွန်းမျောတွေ ပျက်စီးကုန်တာကြောင့် အသီးအထွက်နှုန်းတွေလည်း နည်းလာပြီး တောင်သူတွေ အရှုံးပေါ်နေတယ်လို့လည်း သိရပါတယ်။ အင်းလေးကန် အတွင်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ မေလနောက်ဆုံးပတ်၌ ရောင်းချလျက်ရှိသောအခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၈၀၀၀)ကျပ် ၊ (၂၄) ပြည်ပါ (၁) အိတ်လျှင် (၁၉၀၀၀၀)ကျပ်၊ ဧည့်မထ ဆန် တစ်ပြည်လျှင်(၃၅၀၀)ကျပ်၊(၂၄) ပြည်ပါ (၁) အိတ်လျှင် (၈၄၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

တောင်ငူမြို့၊ ညောင်ပင်ဈေးနှင့် ရွှေဆံတော်ဘုရားဈေးတို့တွင် ခရမ်းချဉ်သီးများ ဈေးနှုန်းမြှင့်တက်လျက်ရှိပါသည်။ ခရမ်းချဉ်သီးမှာ ဟင်းအိုးတော်တော်များများတွင်ထည့်သွင်းအသုံးပြုရသော ပါဝင်ပစ္စည်းတစ်မျိုးဖြစ်သောကြောင့် အိမ်ရှင်မများအနေဖြင့်မဖြစ်မနေဝယ်ယူအသုံးပြုနေရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဘုရားနှစ်ဆူကျေးရွာမှ တောင်သူလယ်သမားများသည် မိုးစပါးပြီး၍ ခပေါင်းဆည်ရေကိုအသုံးပြုကာ နွေစပါးများကိုလည်းသီးထပ်စိုက်ပျိုးကြပါသည်။ ခပေါင်းဆည်ရေသွင်းမြောင်းလက်တက်မှ ရေသွင်း၍မရသည့်လယ်သမားအချို့သည် မြောင်းလက်တက်မှရေများကို ရေတင်စက်ဖြင့်တင်၍ စိုက်ပျိုးကြပါသည်။
