ပြည်တွင်းကုန်သွယ်မှုသတင်းများ
Powered by Drupal
22 Jul 2025
မအူပင်ခရို်င ပန်းတနော် မြို့နယ်တွင် ဗူးစိုက်ပျိုးသူများရှိပြီး မိုးတွင်ကာလတွင် ဗူးသီးများထွက်ရှိ၍ ဈေးကောင်းလျက်ရှိသည်။ ပန်းတနော်မြို့နယ်တွင် ဗူး စိုက်ဧက ၁၅၂ ဧက စိုက်ပျိုးကြောင်း သိရသည်။ ဗူးသည် စိုက်ပျိုးမှု ကုန်ကျစရိတ်သက်သာပြီး ဝင်ငွေကောင်းမွန်သော သီးနှံဖြစ်၍ စိုက်ပျိုးသူများပြားသည်။

22 Jul 2025
ရာသီစာသီးနှံ ဖြစ်သည့် မအူပင်ဒေသထွက် ကြောင်လျှာသီးကို မအူပင်မြို့ အနီးတဝိုက် ကျေးရွာများမှ မအူပင်မြို့ပေါ်ဈေးများသို့လာရောက် ရောင်းချကြပါသည်။ ကျေးရွာနေပြည်သူများ၏ ခြံများတွင် သဘာဝအလျောက်ပေါက် ရောက်နေသော ကြောင်လျှာသီးကို အပိုဝင်ငွေရရှိရန်အတွက် ၏ အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသည်။

22 Jul 2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အခြေခံစားသောက်ကုန်များကို ရန်ကုန်တိုင်းဒေသကြီးမှ မှာယူ၍ ရောင်းချဖြန့်ဖြူးကြောင်း သိရသည်။ ပန်းတနော်မြို့နယ်တွင် ဂျင်းစိုက်ပျိုးမှု မရှိပဲ။ ရန်ကုန်ကုန်စည်ဒိုင်များမှ မှာယူ ရောင်းချကြသည်။ ဒေသတွင်းစားသုံးမှုလိုအပ်ချက်အရ ရှမ်းပြည်နယ်ထွက်၊ ချင်းပြည်နယ် စိုက်ပျိုးမှုများသော ဂျင်းများ အများဆုံ

22 Jul 2025
မအူပင်မြို့ သို့ ရန်ကုန်ဈေးကွက်မှ အခြေခံစားသောက်ကုန်ဖြစ်သည့် အာလူးများ မှာယူရောင်းချလျက်ရှိပြီး မအူပင်ဈေးကွက်တွင် ရောင်းချပေးလျက်ရှိသည်။ ရန်ကုန် ဘုရင့်နောင်မှ ဝင်ရောက်လာသည့် အာလူးများကို စားသုံးသူများက စားသုံးရန် ဝယ်ယူကြသလို၊ မုန့်လုပ်ငန်းထုတ်လုပ်ရန်အတွက်လည်း ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

22 Jul 2025
မန္တလေးဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ်ဘက်မှလာသော ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီများအပြင် ပြင်ဦးလွင်ဒေသထွက် ပန်းမုံလာ(ခေါ်)ပန်းဂေါ်ဖီများ အနည်းငယ်သာဝင်ရောက်လျှက်ရှိပါသည်။ ဆောင်းရာသီ စာများဖြစ်သော မုံညင်း၊ ကိုက်လန်၊ ဆလပ်ရွက် တို့နှင့်အတူ ထွက်ပေါ်လာခြင်းဖြစ်ပြီး ယခုအခါ မိုးရာသီဖြစ်၍ ပန်းမုံလာ(ခေါ်) ပန်းဂေါ်ဖီများ အနည်းငယ်သာ ဝင်ရောက်ခဲ့ခြင်းကြောင့် ဈေး

