Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
23 Nov 2023

     တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၂၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

23 Nov 2023

   တောင်ငူမြို့ ညောင်ပင်ဈေးရှိ သားငါးဆိုင်များတွင် ကြက်သား (အိမ်မွေးကြက်)မှာ အကောင်လိုက်ဈေး ၁၇၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၂၀၀၀၀ ကျပ်၊ စီပီကြက်မှာ တစ်ပိဿာလျှင် အကောင်လိုက်ဈေး ၈၀၀၀ ကျပ်၊ အခြမ်းလိုက်ဈေး ၁၀၀၀၀ ကျပ်၊ ရင်အုပ်သား ၁၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

23 Nov 2023

      တောင်ငူမြို့တွင် ယခု နိုဝင်ဘာ တတိယပတ်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ ဧည့်မထဆန်သစ်မှာ  တစ်အိတ်လျှင် ၆၀၀၀၀ ကျပ်မှ ၆၃၀၀၀ ကျပ်အထိဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

23 Nov 2023

   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယခင်နိုဝင်ဘာ ဒုတ်ယပတ်က 92 RON တစ်လီတာလျှင် ၂၁၀၀ ကျပ်၊ 95 RON တစ်လီတာလျှင် ၂၂၀၀ ကျပ်၊ ဒီဇယ် တစ်လီတာလျှင် ၂၂၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၅၅ ကျပ်ရှိပါသည်။

23 Nov 2023

      တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် မိုးစပါး စိုက်ဧက ၈၉၁၀၀ ရှိရာ ယခုအခါ စိုက်ဧက တစ်ဝက်ခန့် ရိတ်သိမ်းနေပြီ ဖြစ်ပါသည်။ နှံကောက်၊ ဆင်းသုခနှင့်၊ ဗျော့ထွန်းစပါးများကို အများဆုံး စိုက်ပျိုးကြပါသည်။ ယခုနှစ်တွင် မိုးကောင်းမွန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှု နည်းပါးသဖြင့် မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပါသည်။

Pages