ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ယခု၂၀၂၄ခုနှစ်၊ မတ်လမှာ မန်ကျည်းသီးမှည့်များလှိုင်လှိုင်ထွက်ရှိချိန်ဖြစ်သော်လည်း ယခုနှစ်တွင် မကျည်းသီးအထွက်နှုန်းနည်းသောကြောင့် ဈေးကောင်းရရှိနေကြောင်းသိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် ယခု၂၀၂၄ခုနှစ်၊ မတ်လအတွင်း ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ယခင်ဖေဖော်ဝါရီလတွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းများထက် ဈေးကျနေသည်ကိုတွေ့ရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ စည်ပင်သာယာဈေးတွင်ရှိသော ချင်းဈေးနှုန်းများမှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ချင်း ၁၀ကျပ်သားလျှင် ၈၀၀ကျပ်ရှိခဲ့ပြီး ယခုမတ်လ နောက်ဆုံးပတ်တွင်လည်း ၈၀၀ကျပ်ရှိနေပါသည်။ ချင်းဈေးနှုန်းမှာ ဈေးငြိမ်နေပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကုတင်-ဘီးလင်းဆည်နှင့် သဲ ကောဆည်တို့မှ ဆည်ရေရှိသည့် ကျေးရွာအုပ်စုပေါင်း (၁၉) အုပ်စုရှိရာ ယခု၂၀၂၄ခုနှစ်၊ မတ်လ နောက်ဆုံးပတ်၌ နွေစပါးများစိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်းသိရှိရပါသည်။ စိုက်ပျိုးသည့် စိုက်ဧကမှာ (၁၁၈၆၅)ဧကစိုက်ပျိုးထားကြောင်း စိုက် ပျိုးရေးဌာန၏ စာရင်းအရသိ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်ရှိ သီလဝါစက်မှုဇုန်၊ Wilmar ဆီကန်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး ပြည်နယ်များရှိ ကိုယ်စားလှယ်များသို့ စားအုန်းဆီနေ့စဉ် ထုတ်ပေးလျက်ရှိပါသည်။ စားအုန်းဆီအား ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်း
