ပြည်တွင်းကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ ဒုတိယပတ်တွင် ဓာတ်မြေသြဇာ အမျိုးအစားများဖြစ်သည့် အာမို (၁၀:၁၀:၅) တစ်အိတ် (၈၀,၀၀၀)ကျပ်၊ ရွှေကောမတ် (၂၀:၁၂:၁၂) တစ်အိတ် (၁၂၀,၀၀၀)ကျပ်၊ ယူရီးယား (ရွှေတောင်) တစ်အိတ်(၉၀,၀၀၀)ကျပ်၊ တီစူပါ၄၆% သံကွင်း (တရုတ်) တစ်အိတ် (၈၅,၀၀၀) ကျပ်၊ ပန်းဖူး(သစ်)(တရုတ်) တစ်အိတ် (၈၅၀၀၀)ကျပ်၊ မျှားကမ္ဘာ(တရုတ်) တစ်အိတ်(၇၆,၀၀၀)

စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံသည် (၉-၁၁-၂၀၂၃)ရက်နေ့နှင့် (၁၀-၁၁-၂၀၂၃)ရက်နေ့တို့တွင် မြန်အောင်မြို့နယ်ရှိ ကျေးရွာ/ရပ်ကွက်များသို့သွားရောက်၍ ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား ဈေးကားဖြင့် စားအုန်းဆီရောင်းချပေးလျက်ရှိကြောင်းသိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများအနေဖြင့် ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး ခရိုင်တို့ဖြစ်ပြီး ကလေးခရိုင်တွင် စပါး/ဆန်ဈေးနှုန်းများ အနည်းငယ်ကျဆင်း၍ ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်တို့တွင် ဆန် ဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ပုဇွန်ခြောက်နှင့် ငါးခြောက်အမျိုးမျိုးတို့ကို မင်းဘူးမြို့၊ မကွေးမြို့နှင့် ရန်ကုန်မြို့တို့မှ မှာယူ၍ရောင်းဝယ်ဖောက်ကား လျက်ရှိကြောင်း သိရှိရပါသည်။

ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းမြို့နယ်၊ သရက်လိန်အုပ်စု၊ ခတ္တိယကျေးရွာ၌ မိုးစပါးများရိတ်သိမ်းထားရှိကြောင်း သိရှိရပါသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပန်တောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများအဖွဲ့သည် (၉-၁၁-၂၀၂၃)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်သွားရောက်၍ စပါးဈေးနှုန်း၊ ဈေးကွက်အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။
