ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များတွင် ပင်မှည့်သီး (ခေါ်) လိုင်းမချူးသီးတစ်ပိဿာလျှင် ၃၀၀၀ကျပ်ဖြင့်ရောင်းချပါသည်။ ပင်မှည့်သီးကို သကြားနှင့်တို့စားနိုင်သည့်အပြင် ဖျော်ရည်အဖြစ်လည်းသောက်သုံးနိုင်ပါသည်။ ပင်မှည့်သီးဖျော်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် ကျန်းမာရေးကို များစွာအထောက်အကူပြုပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် (၉-၁၀-၂၀၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်မှစတင်၍ မြောင်းမြခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ ဦးကြီးထော်ကျေးရွာနှင့် လက်ပံ(တောင်)ကျေးရွာရှိ ပြည်သူများအား စားသုံးဆီရောင်းချပေးခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ နေ့စဉ် နေထိုင်စားသောက်ရေးအထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်တို့ကို သက်သာသောဈေးနှုန်းဖြင့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့၊ နံနက် (၈:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ် (၁)ရပ်ကွက်၌ ရောင်းချပေးကြောင်းသိရှိရပါသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ရေပေါ်ဈေးသို့ ပိန်းဥများ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးအပတ်မှ စတင်ဝင်ရောက်လာကြောင်း သိရပါသည်။ ယခုလို ပေါ်ဦးပေါ်ဖျားအချိန်တွင် ပိန်းဥများ အဝယ်လိုက်နေပြီး ရက်ခြားဖြင့် တစ်ပတ်လျှင် ပိဿာချိန် ၁၀၀ ကျော် ဝင်ရောက်မှုရှိကြောင်း သိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကျွန်းလှမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် မစဖအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးစိုးထိုက်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်တို့ပူးပေါင်းကာ (၉-၁၀-၂၀၂၃) ရက်နေ့၊ နံနက်(၀၉း
