ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မစည်ပင်သာယာဈေး၊ အမှတ်(၂)ဈေးနှင့် ကိုဗစ်(၁၉)ဈေးတို့တွင် မြန်မာပြည်အောက်ပိုင်းဒေသမှ ဧရာဝတီတိုင်းသေကြီးရှိ မြို့နယ်များနှင့် ရခိုင်ပြည်နယ်ရှိ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်များထွက်ရှိရာမြို့နယ်များမှ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။ အရောင်းအဝယ်ဖြစ်လျက်ရှိသော ငါးခြောက်များမှာ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၂၂)ရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းဘေးရှိ ထိပ်တန်း ငါးရှဥ့်ပွဲရုံသည် ၁၉၉၇ ခုနှစ်ကတည်းက လုပ်ငန်းစတင် တည်ထောင်ပြီး ငါးရှဥ့်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သည်မှာ ၂၆ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ငါးလုပ်ငန်းဦးစီးဌာနတွင် ငါးရှဥ့်ဝယ်ယူစုဆောင်းခွင့်လိုင်စင် ရယူထားပြီး ဦးစီးဌာန၏ မူဝါဒနှ

တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခင်လက ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၁၄၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းပြီး ဧည့်မထ (မိုး)ဆန် တစ်အိတ်လျှင် ၇၅၀၀၀ ကျပ် ၊ ဧည့်မထ(နွေ)ဆန် တစ်အိတ်လျှင် ၆၅၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များသည် ပဲခူးရိုးမတောင်ခြေများအနီးရှိ ဝါးရုံတောများမှ မျှစ်များရရှိပါသည်။ မျှစ်များလှိုင်လှိုင်ထွက်ရှိသော မိုးဦးကျကာခါစ၊ ဇွန်၊ ဇူလိုင်လများသည် မျှစ်အပေါဆုံးထွက်ရှိသော လများဖြစ်ပါသည်။ တောင်ပေါ်တောများမှ အများဆုံး စားသုံးသော မျှစ်အမျိုးအစားများမှာ သိုက်မျှစ်၊ ကြသောင်းမျှစ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်မြို့မစည်ပင်သာယာဈေးတွင် ရှမ်းပြည်နယ်၊ တောင်ကြီး၊ အင်းလေး၊ အောင်ပန်းဘက်တို့မှလာသော အာလူး၊ ကြက်သွန်ဖြူ၊ နနွင်းတက်၊ ချင်းတက်၊ ရခိုင်ပြည်နယ်၊ စစ်တွေဘက်မှလာသော အာလူး၊ ကမ္မမြို့နယ်ထွက်အာလူးများနှင့် ယောနယ်ဒေသမှထွက်ရှိသော ကြက်သွန်ဖြူ၊ နနွင်းတက်တို့အရောင်းဝယ်ဖြစ်လျက်ရှိပါသည်။
