ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း မိုးဦးကျကာလတွင် ဒန့်ကျွဲပင်လေးများစတင်ပေါက်ကြပါသည်။ ဒန့်ကျွဲသီးလေးများကိုလှော်၍ထောင်းပြီး နိုဆီနှင့်ဖျော်သောက်လျှင် ကော်ဖီအရသာရှိပါသည်။ အလေ့ကျပေါက်သော ဒန့်ကျွဲပင်လေးများကို မိုးကျလက်ဖက်ပင်ဟုလည်းခေါ်ဆိုပါသည်။ မိုးကျလက်ဖက်ပင်လေးများကို ဒင့်ဂျိုးပင်ဟူလည်းခေါ်ဆိုကြပါသည်။

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ ကျေးရွာများတွင် ပြောင်းဖူးကို ရာသီမရွေး ရေလောင်း၍ စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသည့်မျိုးများမှာ အဖြူမျိုးနှင့် အဝါမျိုးဖြစ်ပြီး ပေါက်ခေါင်းမြို့နယ်၊ ငါးခူအိုင်အုပ်စု၊ တာကောက်ကျေးရွာ၌ ပြောင်းဖူး (၀.၂၅)ဧကစိုက်ပျိုးထားသော တောင်သူ ဦးမြင့်ဦးနှင့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အနေဖြင့် ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် မိုးမြေပဲများ အနည်းငယ်စတင်ထွက်ပေါ်လာနေပြီဖြစ်ပါသည်။ ပြည်ဈေးကွက်သို့ မိုးမြေပဲများကို ခရိုင်အတွင်း မြို့နယ်များဖြစ်သည့် ရွှေတောင်၊ ပေါက်ခေါင်းနှင့် အခြားတိုင်းများဖြစ်သော မြန်အောင်၊ ကြံခင်းဘက်မှ တစ်နေ့လျှင် မြေပဲဆံအိတ် (၃၀၀/၄၀၀)ခန့်အဝင်ရှိပြီး ဝင်

မုံရွာကုန်စည်ဒိုင်တွင် ပဲအမျိုးအစားအလိုက် ဈေးနှုန်းများမှာ ယခင်နှစ် ကာလတူဈေးထက် ယခုနှစ် ပဲမျိုးစုံ၊ အစေ့ထုတ်ပြောင်းနှင့် နှမ်းမျိုးစုံဈေးနှုန်းများ ဈေးပိုကောင်းလျက်ရှိသော်လည်း ပဲတီစိမ်းနှင့် စွန်တာနီ/ပြာပဲများသည် ယခင်နှစ်ကထက် အနည်းငယ် ဈေးကျနေပါကြောင်း မုံရွာကုန်စည်ဒိုင် ဈေးနှုန်း သတင်းများအရ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှုတင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရှိရာ စက်တင်ဘာလ၊ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့် သီးနှံနှင့် ဈေးနှုန်းအခြေအနေများကို ရွှေဘိုမြို့ ပဲ၊ နှမ်းကုန်စ
