ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့တွင် ရွှေဘိုပေါ်ဆန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းမှာ ယခင်အပတ်က တစ်အိတ်လျှင် ၁၃၀၀၀၀ ကျပ်၊ ဒေသပေါ်ဆန်းမှာ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ဧည့်မထ(နွေဆန်)မှာ တစ်အိတ်လျှင် ၆၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထ (မိုးဆန်)မှာ ယခင်အပတ်က တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ၈၉၀၀၀ ကျပ

နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း၌ မြန်မာမုန့်များအပါအဝင် တခြားမုန့်မျိုးစုံကိုပြုလုပ်ရောင်းချလျက်ရှိရာ ကြက်ဥနံပြားလိပ်မုန့်မှာ အိအိချိုချိုအရသာရှိပြီး လူကြိုက်များကြောင်းသိရပါသည်။

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်းရှိ မျှစ်ချဉ်ဈေးကွက်မှာ ရာသီချိန်ဖြစ်သည့်အတွက် ဈေးကောင်းရရှိနေပါသည်။ ကျွဲပွဲမြို့နှင့် ညောင်ခြေထောက်မြို့များ၏ အနောက်ဖက် ၇ မိုင် အကွာရှိ ရိုးမတောင်တန်းမှ ဝါးပိုးဝါး မျှစ်နုများကို ဒေသခံလုပ်သားများက တောင်ပေါ်တက်၍ ချိုးယူပြီး ဆိုင်ကယ်များဖြင့် ရွာအရောက် သယ်ဆောင်ကာ အခွံခွာ၍ ညောင်ခြေထောက်ဈ

ရေတာရှည်မြို့၊ အမှတ်(၂)ရပ်ကွက်၊ သုခလမ်းရှိ ဦးနေမျိုးလင်း ထုတ်လုပ်လျှက်ရှိသော “ဘဂဝါ” အမှတ်တံဆိပ် သဘာဝအားဖြည့်ဆေးသည် ထန်းလျက်၊ မန်ကျည်းမှည့်၊ ထောပတ်၊ နွယ်ချို၊ ဗန်ဒါစေ့၊ သစ်ကြမ်းပိုး၊ ဆေးပိုသီး၊ ဆားပုတ်ခဲ၊ ရှားစောင်းလက်ပတ်နှင့် နှမ်းနက်ဆီတို့ဖြင့် ဖော်စပ်ထားပါသည်။

တောင်ငူမြို့သို့ အထက်အညာဒေသများဖြစ်သော နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှ စိုက်ပျိုးသော ဖရဲသီးနှင့် နာနတ်သီးများ ဝင်ရောက်လာရာ အရသာ လည်းကောင်း၊ ဈေးလည်းသင့်သဖြင့် လူကြိုက်များကြောင်း သိရပါသည်။
