ပြည်တွင်းကုန်သွယ်မှုသတင်းများ
၂၀၂၄ ခုနှစ်၊ ဆောင်းရာသီတွင် ကရင်ပြည်နယ်ဒေသထွက် ကြက်ဟင်းခါးသီးကို ဘားအံမြို့ အနီးတစ်ဝိုက်ရှိကျေးရွာများရှိ ဒေသခံတောင်သူများက စီးပွားဖြစ်စိုက်ပျိုးကြသလို အပိုဝင်ငွေရရှိရန် အတွက်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ဘားအံမြို့ပေါ်ဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရသည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကထား၍ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်၌ ရာသီမရွေးစိုက်ပျိုးနိုင်သော ကြက်ဟင်းခါးသီးများ စျေးကောင်းရရှိ၍ စိုက်ပျိုးသူများလာကြောင်း ကလိုင်းကနိုင်ကျေးရွာမှ တောင်သူဦးဇော်လင်းထံမှသိရသည်။
တနင်္သာရီတိုင်းဒေသကြီးမှ ထွက်ရှိသော ငါးမုန့်များ၏ အရသာထူးကဲကောင်းမွန်မှုသည် မြန်မာနိုင်ငံအနှံ့အပြားစားသုံးသူပြည်သူအများအပြား လက်ခံလျက်ရှိပါသည်။ အရာသာကောင်းမွန်သော ငါးမုန့်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန် အတွက် ငါးအမျိုးအစားသည် အလွန်ပင် အရေးကြီးလှပါသည်။ တနင်္သာရီတိုင်းဒေသကြီးရှိ ငါးမုန့်လုပ်ငန်းအများစုသည် ငါးကွန်းရှပ်(ဒေ
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် (၂၀-၁၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၅:၀၀)နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ Kaung Hlyan New Asia ကုမ္ပဏီမှ (ယာဉ်အမှတ် 4G-2351) (ယာဉ်အမှတ် 9B-8875) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၁) ပေပါရောက်ရှိလာခဲ့ကြောင်းသိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးမှုမှ နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှုဖြစ်ပေါ်လာမည်ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏အားပေးမြှင့်တင်မှုနှင့် အတူ (MSMEs)လုပ်ငန်းများစွာရှိသည့်အနက် အုတ်ဖိုမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်မင်္ဂလာ (၂)လမ်းရှိ စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းဝင်း၏ ဝါးခမောက်လုပ်င