ပြည်တွင်းကုန်သွယ်မှုသတင်းများ
မိတ္ထီလာခရိုင်အတွင်း ၂၀၂၃ခုနှစ်၊ ဇွန်လဆန်း၌ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော လယ်ယထွက်ကုန်သီးနှံဈေးနှုန်းများအရ ယခုနှစ်တွင် မနောသုခဆန်တစ်အိတ်လျှင် (၇၅၀၀၀) ကျပ်၊ ပဲတီစိမ်းတစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊ ပဲစင်းငုံတစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊ နှမ်းနက်တစ်တင်းလျှင် (၈၀၀၀၀) ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၁၈၀၀) ကျပ်မှ (၂၀၀၀) ကျပ်ထိ၊ ငရုတ်တစ်ပိဿာလ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၅၄_1.jpg?itok=2gLoWkaU)
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၏ မြို့မဈေးတွင် ကြက်သွန်နီ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီး(အစို)များကို သရက်မြို့၏ ပတ်ဝန်းကျင်ကျေးရွာများနှင့် အခြားစားဖိုဆောင်သီးနှံများကို အောင်လံနှင့် ပြည်မြို့တို့မှ ဝယ်ယူရောင်းချလေ့ရှိကြကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၅၅_1.jpg?itok=hzNsGLAf)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့မဈေး၌ ကြက်သွန်နီများကို သရက်မြို့နှင့် အခြားစားဖိုဆောင်သီးနှံများကို ပဲခူးတိုင်း၊ ပြည်မြို့မှ ဝယ်ယူရောင်းချကြကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၅၃_1.jpg?itok=uuL9cH40)
မိုးရာသီကာလရောက်ရှိလာပြီဖြစ်သဖြင့် မကွေးမြို့ပေါ်ရှိ ပန်းအလှပင်၊ သီးပင်၊ စားပင်များစိုက်ပျိုးရောင်းချနေသောအရောင်းဆိုင်များ၌ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၅၂_2.jpg?itok=NgSfvzye)
မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များနှင့် ပွဲရုံများတွင် ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ (၈-၆-၂၀၂၃) ရက်နေ့တွင် မကွေးကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသောဈေးနှုန်းများမှာ ပဲတီစိမ်း (၂၀) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၆၅၀၀၀)၊ မတ်ပဲ (၂၀) ပိဿာဝင် (၁) တင်းလျှင် ကျပ် (၇၆၀၀၀)၊ ပဲစင်းငုံနီ (၂၀) ပိဿာဝင် (၁) တင်းလျှင် က
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၅၁_1.jpg?itok=dmpzvXRa)