ပြည်တွင်းကုန်သွယ်မှုသတင်းများ
မိုးဦးစရာသီစာများအနက် ဇရစ်ရိုးမှာ တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဇရစ်ရိုးကို အခြားရာသီများတွင်လည်း အနည်းငယ်တွေ့မြင်ရပြီး မိုးရာသီတွင်မူ ပေါများစွာတွေ့ရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/575.jpg?itok=UAwtPf1R)
ယခု မိုးဦးစအချိန်အခါတွင် ရာသီစာအဖြစ် ဒရင်ကောက်ညွန့်လေးများမှာ အလွန်ပင်စား၍ကောင်းပါသည်။ ဒရင်ကောက်ညွန့်များသည် လူသိနည်းခြင်းနှင့်ရှားပါးခြင်းကြောင့် ဈေးကွက်အတွင်းတွင် အခြားဟင်းရွက်များထက် ဈေးအနည်းငယ်ပို၍ပေးရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/574.jpg?itok=1WJGoy4z)
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၏ သောက်ရေခပ်ချောင်းဘေးရှိ နဂါးမောက်ရွာ၊ ကျောက်ပုထိုးရွာနှင့် ဒိုးသောင်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်ဥယျာဉ်ခြံများကိုစိုက်ပျိုးထားကြပါသည်။ သောက်ရေခပ်ချောင်းသည် ရေပြတ်လပ်မှုမရှိသည့်အတွက် သောက်ရေခပ်ချောင်းမှ ရေစုပ်စက်များဖြင့် စိုက်ပျိုးပင်များကို ရေလောင်း၊ ရေသွင်းပြုလုပ်ကြ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/573.jpg?itok=tGOM7ELK)
ပြည်မြို့နယ်အတွင်းရှိ ဈေးများအတွင်းတွင် ဝါစေ့လေးများကို ညှောက်ဖောက်၍ ရရှိလာသော ဝါစေ့ပင်ပေါက်လေးများရောင်းချနေသည်ကို တွေ့ရှိရပါသည်။ ဝါပင်များကို ပြည်ခရိုင်အတွင်းရှိ ပေါက်ခေါင်းမြို့နယ်တွင် အဓိကထား၍ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး ပြည်မြို့နယ် အနီးတဝိုက်ရှိ ဝက်ထီးကန်မြို့နှင့် ပေါင်းတလည်မြို့တို့တွင်လည်း စိုက်ပျိုးကြပါသည်။
ယခုအချိန်တွင် ပြည်ဈေးကွက်သို့ ဖလံတောင်ဝှေးများစတင်ဝင်ရောက်၍ ရောင်းချလျက်ရှိပါသည်။ ယခုလိုမိုးတွင်းကာလများတွင်သာ တွေ့ရသော ရာသီစာဖလံတောင်ဝှေးပင်ကို အိမ်ရှင်မများက ပေါ်ဦးပေါ်ဖျားဝယ်ယူ၍ စားသောက်ကြသဖြင့် ပေါ်ခါစတွင် ဈေးနှုန်းများ မြင့်တက်လာပြီး လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်းများကျဆင်းလာ၍ လူတကာဝယ်ယူ စားသုံးကြပါသည်။ ဖလံတောင်ဝ