ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော တိုင်ထောင်ပဲကို ရွှေတောင်မြို့နယ်ရှိ မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာတွင် စိုက်ပျိုးထားသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များသည် (၂၄.၅.၂၀၂၃) နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် ကွင်းဆင်း၍ သွားရောက် လေ့လာခဲ့ ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/bgo 8.jpg?itok=KcWX4bIO)
ကယားပြည်နယ်တွင် ဂေါ်ဖီထုပ်များကို လွိုင်ကော်မြို့နယ်ရှိ လင်ဖုံလေးကျေးရွာနှင့် ကုန်းသာကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး၊ ရှမ်းပြည်နယ် ပင်လောင်း၊ တီဂျစ်၊ နောင်တရား ဒေသတို့မှလည်း မှာယူရောင်းချလျက်ရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် ကွမ်းကို ကိုယ်ပိုင်တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၈_1.jpg?itok=nXdqkZgV)
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် (၁၈-၅-၂၀၂၃) ရက်နေ့၌ ရွာသွန်းခဲ့သောမုန်တိုင်းမိုးရွာသွန်းပြီးနောက် မိုးမျှော်နေသောတောင်သူများမှာ မိုးမြေပဲများကို စတင်စိုက်ပျိုးနိုင်ခဲ့ကြပါသည်။ ငါန်းဇွန်မြို့နယ်အနေဖြင့် ယခင်နှစ်မိုးမြေပဲကို စိုက်ပျိုးရန် လျာထားမှုအနေဖြင့် (၁၈၂၆၀) ဧကရှိခဲ့ပြီး စိုက်ပျိုးမှုအန
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၇_1.jpg?itok=H9rco5Wp)
မြင်းခြံခရိုင်သည် ပူပြင်းခြောက်သွေ့သောရာသီဥတုဖြစ်ပြီး အရှေ့ဘက်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်နှင့် တံတားဦးမြို့နယ်၊ တောင်ဘက်တွင် မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက် ရှိပြီး ဧရာဝတီမြစ်သည် မြင်းခြံခရိုင်၏ အနောက်ဘက်၌ တည်ရှိပြီး
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၆_1.jpg?itok=N7g_Y5iz)