ပြည်တွင်းကုန်သွယ်မှုသတင်းများ
လိမ္မော်သီးကို ကယားပြည်နယ်အတွင်းရှိ ဘောလခဲမြို့နယ် လွိုင်ဝိန်ကျေးရွာ၊ ဝမ်မလန် ကျေးရွာတို့တွင်လည်းကောင်း၊ ဖရူဆိုမြို့နယ် မူဆိုကျေးရွာတွင်လည်းကောင်း၊ ဒီးမော့ဆိုမြို့နယ် လွိုင်နန်းဖကျေးရွာတို့တွင် မိသားစုအပိုဝင်ငွေရရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ဆောင်း ဝင်စအချိန်တွင် ရောင်းချနိုင်သော ရာသီပေါ်သီးနှံတစ်မျိုးဖြစ်ပါသည်။
ကယားပြည်နယ်တွင် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြပြီး စိုက်ပျိုးထွက်ရှိသော စပါးကို ကြိတ်ခွဲ ကာ ပြည်နယ်တွင်းစားသုံးကြသည့်အပြင် အခြားဒေသဖြစ်သော မန္တလေးသို့ အများဆုံးတင်ပို့လျက် ရှိပါသည်။ဒေသထွက် ဆန်ဖြစ်သည့် ရွှေရင်အေး၊တရုတ်မွှေး၊ရွှေအပ် တို့ကိုအဓိကထား၍ စိုက်ပျိုး စားသုံးကြပါသည်။ ရွှေရင်အေးဆန် ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိသော်လ
ကယားပြည်နယ်တွင် ဂေါ်ဖီထုပ်များကိုလွိုင်ကော်မြို့နယ်ရှိ လင်ဖုံလေးကျေးရွာနှင့်ကုန်းသာ စိုက်ပျိုးလျက်ရှိပြီး၊ ရှမ်းပြည်နယ် ပင်လောင်း၊ တီဂျစ်၊ နောင်တရားဒေသတို့မှလည်း မှာယူရောင်းချ လျက်ရှိပါသည်။
ကယားပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့၊ နေ့လည် (၁၄၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ နောင်ယား(က)ရပ်ကွက်ရှိ ရွှေကယားသောက်ရေသန့်စက်ရုံ တွင် ကယားပြည်နယ်သောက်ရေသန့်လုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ)(၄၅)ပိဿာဝင်(၁)အိတ်လျှင် ယခင်အပတ် (၄.၁.၂၀၂၃)ရက်နေ့တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ယခုအပတ်(၁၀.၁.၂၀၂၃)ရက်နေ့တွင်လည်း ကျပ်(၂၃၀၀၀၀)၊ နှမ်းဖြူ(၁)အိတ်လျှင် ယခင်အပတ်တွင်ကျပ်(၂၂၀၀၀၀)ဖြစ်ပြီး၊ ယခုအပတ်တွင်လည်း ကျပ်(၂၂၀၀၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ၊ နှမ်းပြာ(၁)အိတ်လျှင် ယခင်အပတ်တွင်ကျပ် (၂