ပြည်တွင်းကုန်သွယ်မှုသတင်းများ
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်၍ နေထိုင်ကြသော ပြည်သူများသည် ကုန်းမြေနှင့် ကိုင်းကျွန်းလယ်ယာမြေများတွင် ဆန်စပါးနှင့် ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲမျိုးစုံနှင့် ကြက်သွန်နီ /အဖြူ ၊ ငရုပ်နှင့် အခြားသီးနှံမျိုးစုံကို သီးထပ်/သီးညှပ်အဖြစ် စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုလုပ်ကြသည်။ သီးနှံ
နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဝန်ထမ်းများပူးပေါင်းဆောင်ရွက်မှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းအိမ်ရာများသို့ တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၂ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို (၅-၈-၂၀၂၂) ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က(၂၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ နံနက် (၁၀း၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားအစီအစဥ်(၄)ရပ်ဖြင့် ကျင်းပခဲ့ပါသည်။ ပထမ
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၂၈.၇.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၃.၈.၂၀၂၂)ရက်နေ့အတွင်း နှမ်းဖြူနှင့်နှမ်းနီမှာ (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၁၈၀၀၀ဝိ/-) ယခုအပတ် (၁၈၀၀၀ဝိ/-)ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။
နေပြည်တော်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်မှဆောင်ရွက်နေသည့် သက်သာသော ဈေးနှုန်းဖြင့် တစ်ပိဿာလျှင် ၃၉၀၀ ကျပ်နှုန်းဖြင့် စားသုံးသူပြည်သူများလက်ဝယ်အရောက် ရောင်းချနေမှုကို ယနေ့ ၅-၈-၂၀၂၂ ရက်နေ့တွင် ဌာနဆိုင်ရာနှင့် ကျေးရွာများသို့ ရောင်းချမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။