ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်အတွင်း ပဲဈေးနှုန်းလည်းအမြင့်ရနေသလို အရောင်းအဝယ်လည်း နေ့စဉ် ပုံမှန်ဖြစ်နေသော ပဲကြီးသီးနှံကို ပဲကြော်ဖိုလုပ်ငန်းသမားများ အဓိကဝယ်ယူ နေခဲ့သောကြောင့် လက်လီ/ လက်ကား အရောင်းအဝယ်ဖြစ်နေခဲ့ပါသည်။ ဒေသတွင်း ပဲကြော်ဖိုလုပ်ငန်းသမားများမှ နေ့စဉ်ဝယ်ယူနေပြီး တစ်ရက်အိတ် ၂၀၀ကျော် ပုံမှန်ဝယ်နေခဲ့သလို ပဲဈေးနှုန်းများအနေဖြင့်
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်မြို့နယ် ဆီကုန်သည်များပူးပေါင်း၍ စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကိုရပ်ကွက်အလိုက် အခြေခံလူတန်းစားများသို့ ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျှက်ရှိကြောင
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နွေစပါးများကို ဒီဇင်ဘာလကုန်ပိုင်းနှင့် ဇန်နဝါရီလ ဆန်းပိုင်းတွင် စတင်စိုက်ပျိုးခဲ့ရာ စိုက်ဧကမှာ(၄၅၉၄၈) ဧကစိုက်ပျိုးခဲ့ပါသည်။ ယခုအချိန်တွင် ယခင်စိုက်ပျိုးခဲ့သော နွေစပါးများအားရိတ်သိမ်းနေပြီဖြစ်သဖြင့် ဈေးနှုန်းဈေးကွက် အခြေအနေ များအား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ ပုရပိုက်တန်းကျေးရွာရှိ မိုးနေကြာ စိုက်ပျိုးသူ တောင်သူနှင့်တွေ့ဆုံပြီး မိုးနေကြာများရိတ်သိမ်းနေမှုအား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် တိုင်ထောင်ပဲသီးများ စိုက်ပျိုးထားရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ရန် စားသုံးသူရေးဦးစီးဌာန၊ ရွှေတောင်မြို့နယ် တာဝန်ခံရုံး ရှိဝန်ထမ်းများသည် (၁.၈.၂၀၂၂)နေ့ နေ့လယ် (၁:၃၀)တွင် ဝါးလယ်ကျေးရွာသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။